ရှင်ယောဟန် 8:34-38 Common Language Bible (BCL)

34. သ​ခင်​ယေ​ရှု​က ``အ​မှန်​အ​ကန်​သင်​တို့​အား ငါ​ဆို​သည်​ကား အ​ပြစ်​ကူး​သူ​တိုင်း​သည် အ​ပြစ်​၏​ကျွန်​ဖြစ်​၏။-

35. ကျွန်​သည်​အိမ်​မှာ​အ​စဉ်​နေ​သည်​မ​ဟုတ်၊ သား မူ​ကား​အ​စဉ်​နေ​၏။-

36. သို့​ဖြစ်​၍​သင်​တို့​အား​သား​တော်​က​လွတ်​လပ် စေ​လျှင် သင်​တို့​သည်​ဧ​ကန်​အ​မှန်​လွတ်​လပ် ကြ​လိမ့်​မည်။-

37. သင်​တို့​သည်​အာ​ဗြ​ဟံ​၏​သား​မြေး​ဖြစ်​သည်​ကို ငါ​သိ​၏။ သို့​ရာ​တွင်​သင်​တို့​သည်​ငါ​၏​သွန်​သင် ချက်​ကို​လက်​မ​ခံ​လို​သ​ဖြင့် ငါ့​ကို​သတ်​ရန် ကြိုး​စား​ကြ​၏။-

38. ငါ​သည်​ငါ့​ခမည်း​တော်​ထံ​မှ​သိ​ရှိ​သော​အ​ရာ များ​ကို​ဟော​ပြော​၏။ သင်​တို့​မူ​ကား​သင်​တို့ အ​ဖ​ညွှန်​ကြား​သည့်​အ​တိုင်း​ပြု​ကြ​၏'' ဟု မိန့်​တော်​မူ​၏။

ရှင်ယောဟန် 8