3. ကျမ်းတတ်ဆရာများနှင့်ဖာရိရှဲများသည် အမျိုးသမီးတစ်ယောက်ကိုအထံတော်သို့ ခေါ်ခဲ့ကြ၏။ သူသည်မျောက်မထားနေစဉ် အဖမ်းခံရခြင်းဖြစ်၏။ ကျမ်းတတ်ဆရာ များနှင့်ဖာရိရှဲတို့သည်အမျိုးသမီးကို မိမိတို့ရှေ့တွင်ရပ်စေပြီးလျှင်၊-
4. သခင်ယေရှုအား ``အရှင်ဘုရား၊ ဤမိန်းမ မျောက်မထားသည်ကိုအကျွန်ုပ်တို့လက်ပူး လက်ကြပ်ဖမ်းမိပါ၏။-
5. ပညတ်တရားတွင်မောရှေက ထိုသို့သော မိန်းမမျိုးကိုကျောက်ခဲနှင့်ပေါက်၍သတ်ရ မည်ဟု အကျွန်ုပ်တို့အားပညတ်ခဲ့ပါသည်။ ကိုယ်တော်သည်မည်သို့ဆိုပါမည်နည်း'' ဟု လျှောက်ကြ၏။-
6. သူတို့သည်ကိုယ်တော်ကိုပြစ်တင်စွပ်စွဲနိုင်ရန် ဤသို့အကွက်ဆင်၍လျှောက်ထားကြခြင်း ဖြစ်၏။ သို့ရာတွင်သခင်ယေရှုသည်ငုံ့၍ မြေပေါ်တွင်လက်ညှိုးတော်ဖြင့်ရေးခြစ် လျက်နေတော်မူ၏။
7. ထိုသူတို့သည်ထပ်ကာထပ်ကာမေးမြန်း လျှောက်ထားကြ၏။ ထိုအခါကိုယ်တော်သည် မော်၍ကြည့်တော်မူလျက် ``သင်တို့အနက် အပြစ်ကင်းသူသည် ဦးစွာပထမသူ့ကို ကျောက်ခဲနှင့်ပေါက်ပါစေ'' ဟုမိန့်တော်မူ၏။-