2. နောက်တစ်နေ့နံနက်စောစောဗိမာန်တော်သို့ တစ်ဖန်ကြွတော်မူသောအခါ လူအပေါင်းတို့ သည်အထံတော်သို့လာကြ၏။ ကိုယ်တော်သည် ထိုင်တော်မူလျက်ထိုသူတို့အားဟောပြော သွန်သင်တော်မူ၏။-
3. ကျမ်းတတ်ဆရာများနှင့်ဖာရိရှဲများသည် အမျိုးသမီးတစ်ယောက်ကိုအထံတော်သို့ ခေါ်ခဲ့ကြ၏။ သူသည်မျောက်မထားနေစဉ် အဖမ်းခံရခြင်းဖြစ်၏။ ကျမ်းတတ်ဆရာ များနှင့်ဖာရိရှဲတို့သည်အမျိုးသမီးကို မိမိတို့ရှေ့တွင်ရပ်စေပြီးလျှင်၊-
4. သခင်ယေရှုအား ``အရှင်ဘုရား၊ ဤမိန်းမ မျောက်မထားသည်ကိုအကျွန်ုပ်တို့လက်ပူး လက်ကြပ်ဖမ်းမိပါ၏။-
5. ပညတ်တရားတွင်မောရှေက ထိုသို့သော မိန်းမမျိုးကိုကျောက်ခဲနှင့်ပေါက်၍သတ်ရ မည်ဟု အကျွန်ုပ်တို့အားပညတ်ခဲ့ပါသည်။ ကိုယ်တော်သည်မည်သို့ဆိုပါမည်နည်း'' ဟု လျှောက်ကြ၏။-
6. သူတို့သည်ကိုယ်တော်ကိုပြစ်တင်စွပ်စွဲနိုင်ရန် ဤသို့အကွက်ဆင်၍လျှောက်ထားကြခြင်း ဖြစ်၏။ သို့ရာတွင်သခင်ယေရှုသည်ငုံ့၍ မြေပေါ်တွင်လက်ညှိုးတော်ဖြင့်ရေးခြစ် လျက်နေတော်မူ၏။
7. ထိုသူတို့သည်ထပ်ကာထပ်ကာမေးမြန်း လျှောက်ထားကြ၏။ ထိုအခါကိုယ်တော်သည် မော်၍ကြည့်တော်မူလျက် ``သင်တို့အနက် အပြစ်ကင်းသူသည် ဦးစွာပထမသူ့ကို ကျောက်ခဲနှင့်ပေါက်ပါစေ'' ဟုမိန့်တော်မူ၏။-
8. ထိုနောက်ငုံ့၍မြေပေါ်တွင်ရေးခြစ်လျက် နေတော်မူပြန်၏။-
9. ထိုသူတို့သည်ဤသို့ကိုယ်တော်မိန့်တော်မူသည် ကိုကြားကြသောအခါ အသက်ကြီးသူများ ကအစပြု၍တစ်ယောက်ပြီးတစ်ယောက်ထွက် သွားကြ၏။-
10. သခင်ယေရှုသည်မော်၍ကြည့်တော်မူပြန် လျှင် ``အချင်းအမျိုးသမီး၊ ထိုသူတို့ကား အဘယ်မှာနည်း။ သင့်အားအပြစ်ဒဏ်စီရင် မည့်သူတစ်ယောက်မျှမရှိသလော'' ဟုမေး တော်မူ၏။
11. ထိုအခါအမျိုးသမီးက ``အရှင်၊ တစ်ယောက် မျှမရှိတော့ပါ'' ဟုပြန်လည်၍လျှောက်ထား ၏။သခင်ယေရှုက ``ငါသည်လည်းသင့်အားအပြစ် ဒဏ်မစီရင်ပြီ။ သွားလော့။ နောက်တစ်ဖန်အပြစ် မပြုနှင့်'' ဟုမိန့်တော်မူ၏။]
12. တစ်ဖန်သခင်ယေရှုကဖာရိရှဲတို့အား ``ငါ သည်လောက၏အလင်းဖြစ်၏။ ငါ့နောက်သို့ လိုက်သောသူသည်အသက်၏အလင်းကိုရ ၍အဘယ်အခါမျှအမှောင်တွင်သွားလာ ရလိမ့်မည်မဟုတ်'' ဟုမိန့်တော်မူ၏။
13. ဖာရိရှဲတို့က ``သင်သည်ကိုယ့်အကြောင်းကို သက်သေခံလျက်နေ၏။ သို့ဖြစ်၍သင့်သက် သေခံချက်သည်မခိုင်လုံ'' ဟုဆိုကြ၏။
14. သခင်ယေရှုက ``ငါသည်ကိုယ့်အကြောင်းကို သက်သေခံသော်လည်းငါ၏သက်သေခံချက် သည်ခိုင်လုံ၏။ အဘယ်ကြောင့်ဆိုသော်ငါသည် အဘယ်အရပ်မှလာ၍အဘယ်အရပ်သို့ သွားမည်ကိုငါသိသောကြောင့်တည်း။ သင်တို့ မူကားငါအဘယ်အရပ်မှလာသည်ကို လည်းကောင်း၊ အဘယ်အရပ်သို့သွားမည်ကို လည်းကောင်းမသိကြ။-
15. သင်တို့သည်လူ့စံနှုန်းအရစစ်ဆေးစီရင် တတ်ကြ၏။ ငါမူကားမည်သူ့ကိုမျှမစစ် ဆေးမစီရင်ပြီ။-
16. အကယ်၍ငါစစ်ဆေးစီရင်မည်ဆိုပါက ငါတစ်ဦးတည်းစစ်ဆေးစီရင်ခြင်းမဟုတ်။ ငါ့ကိုစေလွှတ်တော်မူသောခမည်းတော်သည် ငါနှင့်အတူရှိသောကြောင့်ငါ၏စီရင်ချက် သည်မှန်ကန်၏။-
17. သင်တို့၏ပညတ်ကျမ်းတွင် ``သက်သေနှစ်ဦး ထွက်ဆိုလျှင်အမှန်ဖြစ်၏'' ဟုဖော်ပြပါ ရှိ၏။-
18. ငါသည်ကိုယ့်အကြောင်းကိုသက်သေခံ၏။ ငါ့ ကိုစေလွှတ်တော်မူသောခမည်းတော်ကလည်း ငါ့အကြောင်းကိုသက်သေခံ၏'' ဟုမိန့်တော် မူ၏။
19. ထိုသူတို့က ``သင့်ခမည်းတော်ကားအဘယ် မှာနည်း'' ဟုမေးလျှောက်ကြ၏။သခင်ယေရှုက ``သင်တို့သည်ငါ့ကိုလည်း ကောင်း၊ ငါ့ခမည်းတော်ကိုလည်းကောင်းမသိ ကြ။ အကယ်၍သင်တို့ငါ့ကိုသိပါမူငါ့ ခမည်းတော်ကိုလည်းသိကြမည်'' ဟုဖြေ ကြားတော်မူ၏။