46. အစောင့်တပ်သားများက ``ဤသူဟောပြော သကဲ့သို့မည်သူမျှမဟောစဖူးပါ'' ဟု ဆိုကြ၏။
47. ဖာရိရှဲများက ``သင်တို့သည်လည်းသူ၏လှည့် စားခြင်းကိုခံရကြပြီလော။-
48. ငါတို့ခေါင်းဆောင်များနှင့်ဖာရိရှဲများအထဲ မှတစ်ဦးတစ်ယောက်သည် ထိုသူကိုယုံကြည် ပါသလော။-
49. ဤလူထုသည်ပညတ်တရားကိုမသိသော ကြောင့် ဘုရားသခင်၏ကျိန်ဆဲခြင်းကိုခံကြ ရပြီတကား'' ဟုဆိုကြ၏။
50. ထိုသူအထဲတွင်နိကောဒင်ပါ၏။ သူသည်ယခင် ကသခင်ယေရှု၏ထံတော်သို့လာဖူး၏။-
51. နိကောဒင်က ``ငါတို့တရားအရအဘယ် အမှုကိုကူးလွန်ကြောင်းစစ်ဆေးခြင်းကိုမပြု၊ တရားခံအားချေပပြောဆိုခွင့်ကိုလည်းမပေး ဘဲတစ်စုံတစ်ယောက်ကိုအပြစ်စီရင်နိုင်ပါ သလော'' ဟုဆို၏။
52. ထိုသူတို့က ``သင်သည်လည်းဂါလိလဲပြည် သားပေလော။ ကျမ်းစာတော်ကိုလေ့လာကြည့် ပါလျှင်ဂါလိလဲပြည်မှအဘယ်ပရောဖက် မျှမပေါ်ထွန်းသည်ကိုသင်သိရလိမ့်မည်'' ဟု ဆိုကြ၏။