41. အချို့သောသူတို့က ``ဤသူသည်မေရှိယ ဖြစ်သည်ဟုဆိုကြ၏။'' သို့ရာတွင်အချို့က မေရှိယသည်ဂါလိလဲပြည်မှပေါ်ထွန်းပါ မည်လော။-
42. မေရှိယသည်ဒါဝိဒ်မင်း၏သားမြေးဖြစ်လိမ့်မည် ဟူ၍လည်းကောင်း၊ ဒါဝိဒ်နေထိုင်ခဲ့သည့်ဗက်လင် ရွာမှပေါ်ထွန်းလိမ့်မည်ဟူ၍လည်းကောင်း ကျမ်း စာလာသည်မဟုတ်ပါလော'' ဟုဆိုကြ၏။-
43. သို့ဖြစ်၍ကိုယ်တော်နှင့်ပတ်သက်၍လူပရိသတ် စိတ်သဘောကွဲလွဲလျက်နေကြ၏။-
44. လူအချို့တို့သည်ကိုယ်တော်ကိုဖမ်းဆီးလို ကြ၏။ သို့သော်လည်းအဘယ်သူမျှမဖမ်း မဆီးကြ။
45. အစောင့်တပ်သားများသည်ယဇ်ပုရောဟိတ်ကြီး များနှင့်ဖာရိရှဲများထံသို့ပြန်လာကြသော အခါ သူတို့က ``အဘယ်ကြောင့်ထိုသူ့ကိုသင် တို့ဖမ်းဆီးခေါ်ဆောင်၍မလာကြသနည်း'' ဟုမေးကြ၏။
46. အစောင့်တပ်သားများက ``ဤသူဟောပြော သကဲ့သို့မည်သူမျှမဟောစဖူးပါ'' ဟု ဆိုကြ၏။
47. ဖာရိရှဲများက ``သင်တို့သည်လည်းသူ၏လှည့် စားခြင်းကိုခံရကြပြီလော။-
48. ငါတို့ခေါင်းဆောင်များနှင့်ဖာရိရှဲများအထဲ မှတစ်ဦးတစ်ယောက်သည် ထိုသူကိုယုံကြည် ပါသလော။-