ရှင်ယောဟန် 7:37-40 Common Language Bible (BCL)

37. ပွဲ​တော်​၏​နောက်​ဆုံး​နေ့​နှင့်​အ​ရေး​ကြီး​ဆုံး နေ့​၌ သ​ခင်​ယေ​ရှု​သည်​ရပ်​လျက် ``ရေ​ငတ် သူ​သည်​ငါ့​ထံ​သို့​လာ​၍​သောက်​လော့။-

38. ကျမ်း​စာ​လာ​သည်​အ​တိုင်း `ငါ့​ကို​ယုံ​ကြည်​သူ ၏​စိတ်​နှ​လုံး​အ​ထဲ​မှ​အ​သက်​ရေ​သည်​စမ်း ချောင်း​သ​ဖွယ်​စီး​ထွက်​နေ​လိမ့်​မည်' '' ဟု ကြွေး​ကြော်​တော်​မူ​၏။-

39. သ​ခင်​ယေ​ရှု​သည်​ဘုန်း​အ​သ​ရေ​ပွင့်​တော်​မ​မူ သေး​သ​ဖြင့် ဝိ​ညာဉ်​တော်​ကို​လည်း​ကိုယ်​တော် ကို​သက်​ဝင်​ယုံ​ကြည်​သူ​တို့​အား​မ​ပေး​မ​အပ် ရ​သေး​ပေ။ သို့​ဖြစ်​၍​ထို​သူ​တို့​ခံ​ယူ​ကြ​ရ မည့်​ဝိ​ညာဉ်​တော်​ကို​ရည်​မှတ်​၍ ဤ​သို့​ကြွေး ကြော်​တော်​မူ​ခြင်း​ဖြစ်​၏။

40. ပ​ရိ​သတ်​အ​ထဲ​မှ​လူ​အ​များ​ပင်​ဤ​သို့​ကိုယ်​တော် ကြွေး​ကြော်​တော်​မူ​သည်​ကို​ကြား​ကြ​၏။ သို့​ဖြစ်​၍ သူ​တို့​က ``ဤ​သူ​သည်​ဧ​ကန်​ပင်​ပ​ရော​ဖက်​ဖြစ်​၏'' ဟု​ဆို​ကြ​၏။

ရှင်ယောဟန် 7