32. ဤသို့ကိုယ်တော်၏အကြောင်းကိုလူတို့တီး တိုးပြောဆိုနေကြသည်ကိုဖာရိရှဲများ ကြားကြ၏။ သို့ဖြစ်၍သူတို့နှင့်ယဇ်ပုရော ဟိတ်ကြီးများသည် ကိုယ်တော်ကိုဖမ်းဆီး ရန်အစောင့်တပ်သားအချို့ကိုစေလွှတ် လိုက်ကြ၏။-
33. သခင်ယေရှုကလူတို့အား ``ငါသည်သင်တို့ နှင့်အတူခေတ္တခဏသာနေပြီးလျှင်ငါ့ကို စေလွှတ်တော်မူသောအရှင်ထံသို့ငါသွား ရမည်။-
34. သင်တို့သည်ငါ့ကိုရှာသော်လည်းတွေ့ကြလိမ့် မည်မဟုတ်။ ထိုမှတစ်ပါးငါရောက်ရှိမည့် အရပ်သို့သင်တို့မသွားနိုင်ကြ'' ဟုမိန့်တော် မူ၏။
35. ယုဒအာဏာပိုင်တို့က ``ငါတို့ရှာ၍မတွေ့စေရန် သူသည်အဘယ်အရပ်သို့သွားပါမည်နည်း။ ယုဒ အမျိုးသားတို့နေထိုင်ရာဂရိမြို့များသို့သွား၍ ဂရိအမျိုးသားတို့အားဟောပြောသွန်သင်ပါ မည်လော။-
36. သူက `သင်တို့ငါ့ကိုရှာသော်လည်းတွေ့လိမ့်မည် မဟုတ်။ ငါရောက်ရှိမည့်အရပ်သို့သင်တို့မသွား နိုင်ကြ' ဟုဆိုချေသည်။ ဤစကားများ၏အနက် ကားအဘယ်သို့နည်း'' ဟုအချင်းချင်းမေးမြန်း ကြ၏။
37. ပွဲတော်၏နောက်ဆုံးနေ့နှင့်အရေးကြီးဆုံး နေ့၌ သခင်ယေရှုသည်ရပ်လျက် ``ရေငတ် သူသည်ငါ့ထံသို့လာ၍သောက်လော့။-
38. ကျမ်းစာလာသည်အတိုင်း `ငါ့ကိုယုံကြည်သူ ၏စိတ်နှလုံးအထဲမှအသက်ရေသည်စမ်း ချောင်းသဖွယ်စီးထွက်နေလိမ့်မည်' '' ဟု ကြွေးကြော်တော်မူ၏။-
39. သခင်ယေရှုသည်ဘုန်းအသရေပွင့်တော်မမူ သေးသဖြင့် ဝိညာဉ်တော်ကိုလည်းကိုယ်တော် ကိုသက်ဝင်ယုံကြည်သူတို့အားမပေးမအပ် ရသေးပေ။ သို့ဖြစ်၍ထိုသူတို့ခံယူကြရ မည့်ဝိညာဉ်တော်ကိုရည်မှတ်၍ ဤသို့ကြွေး ကြော်တော်မူခြင်းဖြစ်၏။