20. လူပရိသတ်က ``သင်သည်နတ်မိစ္ဆာပူးဝင်နေ သူဖြစ်၏။ အဘယ်သူသည်သင့်ကိုသတ်ရန် ကြိုးစားကြံစည်လျက်နေပါသနည်း'' ဟု ဆိုကြ၏။
21. သခင်ယေရှုက ``ဥပုသ်နေ့၌အံ့သြဖွယ်အမှု တစ်ခုကိုငါပြုသောအခါ သင်တို့အားလုံး ပင်အံ့အားသင့်သွားကြ၏။-
22. မောရှေကသင်တို့၏ကလေးသူငယ်များအား အရေဖျားလှီးမင်္ဂလာပေးရန်ပညတ်ခဲ့၏။ သို့ ဖြစ်၍သင်တို့သည်ဥပုသ်နေ့၌ပင်လျှင် အရေ ဖျားလှီးမင်္ဂလာကိုပြုကြ၏။ (အမှန်စင်စစ် အရေဖျားလှီးမင်္ဂလာကိုစတင်စီရင်ခဲ့သူ မှာ မောရှေမဟုတ်ဘဲသင်တို့ဘိုးဘေးများ ဖြစ်ပေသည်။)-
23. ဤသို့လျှင်မောရှေ၏ပညတ်တရားမချိုး ဖောက်ရန် သင်တို့သည်ဥပုသ်နေ့တွင်အရေဖျား လှီးမင်္ဂလာပေးလျှင် ငါသည်ဥပုသ်နေ့၌လူ တစ်ဦးတစ်ယောက်အားပကတိကျန်းမာ လာစေသောအခါ၌မူ အဘယ်ကြောင့်ငါ့ အားအမျက်ထွက်ကြသနည်း။-
24. အပြင်အပလက္ခဏာကိုထောက်၍မစီရင် မဆုံးဖြတ်ကြနှင့်။ အမှန်တရားအတိုင်း စီရင်ဆုံးဖြတ်ကြလော့'' ဟုမိန့်တော်မူ၏။
25. ယေရုရှလင်မြို့သားအချို့တို့က ``ဤသူကို အာဏာပိုင်ကသတ်ရန်ရှာကြံနေကြသည် မဟုတ်ပါလော။-
26. ကြည့်ပါ။ သူသည်အထင်အရှားဟောပြောသွန် သင်လျက်နေ၏။ မည်သူတစ်ဦးတစ်ယောက်ကမျှ သူ့အားမတားမြစ်ပါတကား။ ဤသူသည် မေရှိယအရှင်ဖြစ်ကြောင်းကိုအာဏာပိုင်တို့ ကအကယ်ပင်သိရှိကြလေသလော။ သို့ရာ တွင်ဤသူ၏ဇာတိကိုငါတို့သိကြ၏။-
27. မေရှိယအရှင်ကြွလာတော်မူချိန်၌မူကား ထိုအရှင်၏ဇာတိကိုမည်သူမျှမသိနိုင်ရာ'' ဟုဆိုကြ၏။
28. ကိုယ်တော်သည်ဗိမာန်တော်ထဲတွင်ဟောပြော သွန်သင်လျက်နေတော်မူစဉ် ``သင်တို့ငါ့ကို သိကြ၏။ ငါအဘယ်ကလာသည်ကိုလည်း သိကြ၏။ သို့ရာတွင်ငါသည်ကိုယ့်အခွင့် အာဏာအရလာသည်မဟုတ်။ ငါ့ကိုစေ လွှတ်တော်မူသောအရှင်သည်သစ္စာနှင့်ပြည့်စုံ တော်မူ၏။ ထိုအရှင်ကိုသင်တို့မသိကြ။-
29. ငါသည်ထိုအရှင်၏ထံမှလာသောကြောင့် လည်းကောင်း၊ ထိုအရှင်သည်ငါ့ကိုစေလွှတ် တော်မူသောကြောင့်လည်းကောင်း ငါသည်ထို အရှင်ကိုသိ၏'' ဟုကြွေးကြော်တော်မူ၏။
30. လူတို့သည်ကိုယ်တော်အားဖမ်းဆီးရန်အခွင့် ကိုရှာကြံကြသော်လည်းအချိန်မကျသေး သဖြင့် ကိုယ်တော်အားအဘယ်သူမျှမဖမ်း မဆီးကြ။-
31. ပရိသတ်အထဲမှလူအများပင်ကိုယ်တော်ကို သက်ဝင်ယုံကြည်လာကြပြီးလျှင် ``မေရှိယ အရှင်ကြွလာတော်မူသောအခါ ဤအရှင် ပြသည်ထက်ပိုမိုများပြားသောအံ့သြဖွယ် နိမိတ်လက္ခဏာများကိုပြတော်မူမည်လော'' ဟုဆိုကြ၏။
32. ဤသို့ကိုယ်တော်၏အကြောင်းကိုလူတို့တီး တိုးပြောဆိုနေကြသည်ကိုဖာရိရှဲများ ကြားကြ၏။ သို့ဖြစ်၍သူတို့နှင့်ယဇ်ပုရော ဟိတ်ကြီးများသည် ကိုယ်တော်ကိုဖမ်းဆီး ရန်အစောင့်တပ်သားအချို့ကိုစေလွှတ် လိုက်ကြ၏။-