ရှင်ယောဟန် 7:2-6 Common Language Bible (BCL)

2. ယု​ဒ​အ​မျိုး​သား​တို့​၏​သစ်​ခက်​တဲ​နေ့​ကောက် သိမ်း​ပွဲ​တော်​အ​ခါ​ကား​နီး​ကပ်​၍​လာ​၏။-

3. သို့​ဖြစ်​၍​ညီ​တော်​များ​က​ကိုယ်​တော်​အား ``သင် ပြု​သော​အ​မှု​အ​ရာ​များ​ကို​သင့်​တ​ပည့်​တို့ တွေ့​မြင်​နိုင်​ကြ​စေ​ရန် ဤ​အ​ရပ်​မှ​ထွက်​ခွာ​၍ ယု​ဒ​ပြည်​သို့​သွား​ပါ​လော့။-

4. မည်​သူ​မ​ဆို​ထင်​ပေါ်​ကျော်​ကြား​လို​လျှင် အ​ဘယ်​အ​မှု​ကို​မျှ​လျှို့​ဝှက်​စွာ​ပြု​လေ့​မ​ရှိ။ သင်​သည်​ဤ​သို့​အံ့​သြ​ဖွယ်​အ​မှု​အ​ရာ​များ ကို​ပြု​မည်​ဆို​ပါ​က သင်​၏​အ​ကြောင်း​ကို​ကမ္ဘာ က​သိ​အောင်​ပြု​ပါ​လော့'' ဟု​ဆို​ကြ​၏။-

5. (ညီ​တော်​များ​သည်​ပင်​လျှင်​ကိုယ်​တော်​ကို မ​ယုံ​ကြည်​ကြ။)

6. သ​ခင်​ယေ​ရှု​က ``ငါ့​အ​ချိန်​မ​ကျ​ရောက်​သေး။ သင်​တို့​အ​ချိန်​ကား​အ​စဉ်​ကျ​ရောက်​လျက်​ရှိ​၏။-

ရှင်ယောဟန် 7