2. ယုဒအမျိုးသားတို့၏သစ်ခက်တဲနေ့ကောက် သိမ်းပွဲတော်အခါကားနီးကပ်၍လာ၏။-
3. သို့ဖြစ်၍ညီတော်များကကိုယ်တော်အား ``သင် ပြုသောအမှုအရာများကိုသင့်တပည့်တို့ တွေ့မြင်နိုင်ကြစေရန် ဤအရပ်မှထွက်ခွာ၍ ယုဒပြည်သို့သွားပါလော့။-
4. မည်သူမဆိုထင်ပေါ်ကျော်ကြားလိုလျှင် အဘယ်အမှုကိုမျှလျှို့ဝှက်စွာပြုလေ့မရှိ။ သင်သည်ဤသို့အံ့သြဖွယ်အမှုအရာများ ကိုပြုမည်ဆိုပါက သင်၏အကြောင်းကိုကမ္ဘာ ကသိအောင်ပြုပါလော့'' ဟုဆိုကြ၏။-
5. (ညီတော်များသည်ပင်လျှင်ကိုယ်တော်ကို မယုံကြည်ကြ။)
6. သခင်ယေရှုက ``ငါ့အချိန်မကျရောက်သေး။ သင်တို့အချိန်ကားအစဉ်ကျရောက်လျက်ရှိ၏။-
7. ကမ္ဘာသူကမ္ဘာသားတို့သည်သင်တို့ကိုမမုန်းနိုင်။ ငါ့ကိုမူကားမုန်းကြ၏။ ယင်းသို့မုန်းကြခြင်း မှာငါသည်သူတို့၏ဆိုးညစ်သောအကျင့် များကိုထုတ်ဖော်ပြောဆိုသောကြောင့်ဖြစ်၏။-
8. ထိုပွဲတော်သို့သင်တို့သွားကြကုန်။ ငါကား ငါ့အချိန်မကျရောက်သေးသဖြင့်သွား လိမ့်မည်မဟုတ်'' ဟုပြန်၍မိန့်တော်မူ၏။-
9. ထိုသို့မိန့်တော်မူပြီးနောက်ကိုယ်တော်သည် ဂါလိလဲပြည်တွင်ဆက်၍နေတော်မူ၏။
10. ထိုပွဲတော်သို့ညီတော်များထွက်သွားကြ ပြီးမှသခင်ယေရှုသည်လည်းထိုပွဲသို့ မထင်မရှားကြွတော်မူ၏။-
11. ယုဒအာဏာပိုင်တို့သည်ထိုပွဲတော်တွင် ကိုယ်တော်ကိုရှာလျက် ``ထိုသူကားအဘယ် မှာနည်း'' ဟုမေးမြန်းကြ၏။-
12. လူပရိသတ်သည်ကိုယ်တော်နှင့်ပတ်သက်၍ များစွာတီးတိုးပြောဆိုလျက်နေကြကုန်၏။ လူအချို့တို့က ``ဤသူသည်သူတော်ကောင်း ဖြစ်သည်'' ဟုဆိုကြ၏။ အချို့ကမူ ``သူတော် ကောင်းမဟုတ်။ လူပရိသတ်အားမှောက်မှား လမ်းလွဲစေသူဖြစ်၏'' ဟုဆိုကြ၏။-
13. သို့ရာတွင်ယုဒအာဏာပိုင်တို့ကိုကြောက် ကြသဖြင့် ကိုယ်တော်၏အကြောင်းကိုမည်သူ မျှပွင့်လင်းစွာမပြောရဲကြ။
14. ပွဲတော်ကျင်းပရက်ထက်ဝက်မျှလွန်သော အခါ သခင်ယေရှုသည်ဗိမာန်တော်သို့ကြွ ၍ဟောပြောသွန်သင်လျက်နေတော်မူ၏။-
15. ယုဒအာဏာပိုင်တို့သည်လွန်စွာအံ့သြကြ လျက် ``ဤသူသည်အဘယ်သင်တန်းကျောင်း ကိုမျှမတက်ဘူးဘဲ ဤအသိပညာများကို အဘယ်သို့ရရှိပါသနည်း'' ဟုဆိုကြ၏။
16. သခင်ယေရှုက ``ငါဟောပြောသွန်သင်သော တရားသည်ငါ၏တရားမဟုတ်။ ငါ့ကိုစေ လွှတ်တော်မူသောအရှင်၏တရားဖြစ်၏။-
17. ထိုအရှင်၏အလိုတော်ကိုလိုက်လျှောက်လို သူသည် ငါဟောပြောသောတရားကားဘုရား သခင်၏တရားလော၊ သို့မဟုတ်ငါ၏ကိုယ် ပိုင်တရားလောဟူ၍ခွဲခြားသိလိမ့်မည်။-
18. မိမိကိုယ်ပိုင်တရားစကားကိုဟောပြောသွန် သင်သူသည် မိမိကိုယ်ပိုင်ဘုန်းအသရေကို ရှာလိမ့်မည်။ သို့သော်မိမိအားစေလွှတ်တော် မူသောအရှင်၏ဘုန်းအသရေကိုရှာသော သူမူကား ရိုးသားဖြောင့်မှန်စွာဟောပြော တတ်၏။ သူ့မှာမုသားမရှိ။-