10. ထိုပွဲတော်သို့ညီတော်များထွက်သွားကြ ပြီးမှသခင်ယေရှုသည်လည်းထိုပွဲသို့ မထင်မရှားကြွတော်မူ၏။-
11. ယုဒအာဏာပိုင်တို့သည်ထိုပွဲတော်တွင် ကိုယ်တော်ကိုရှာလျက် ``ထိုသူကားအဘယ် မှာနည်း'' ဟုမေးမြန်းကြ၏။-
12. လူပရိသတ်သည်ကိုယ်တော်နှင့်ပတ်သက်၍ များစွာတီးတိုးပြောဆိုလျက်နေကြကုန်၏။ လူအချို့တို့က ``ဤသူသည်သူတော်ကောင်း ဖြစ်သည်'' ဟုဆိုကြ၏။ အချို့ကမူ ``သူတော် ကောင်းမဟုတ်။ လူပရိသတ်အားမှောက်မှား လမ်းလွဲစေသူဖြစ်၏'' ဟုဆိုကြ၏။-
13. သို့ရာတွင်ယုဒအာဏာပိုင်တို့ကိုကြောက် ကြသဖြင့် ကိုယ်တော်၏အကြောင်းကိုမည်သူ မျှပွင့်လင်းစွာမပြောရဲကြ။
14. ပွဲတော်ကျင်းပရက်ထက်ဝက်မျှလွန်သော အခါ သခင်ယေရှုသည်ဗိမာန်တော်သို့ကြွ ၍ဟောပြောသွန်သင်လျက်နေတော်မူ၏။-
15. ယုဒအာဏာပိုင်တို့သည်လွန်စွာအံ့သြကြ လျက် ``ဤသူသည်အဘယ်သင်တန်းကျောင်း ကိုမျှမတက်ဘူးဘဲ ဤအသိပညာများကို အဘယ်သို့ရရှိပါသနည်း'' ဟုဆိုကြ၏။
16. သခင်ယေရှုက ``ငါဟောပြောသွန်သင်သော တရားသည်ငါ၏တရားမဟုတ်။ ငါ့ကိုစေ လွှတ်တော်မူသောအရှင်၏တရားဖြစ်၏။-
17. ထိုအရှင်၏အလိုတော်ကိုလိုက်လျှောက်လို သူသည် ငါဟောပြောသောတရားကားဘုရား သခင်၏တရားလော၊ သို့မဟုတ်ငါ၏ကိုယ် ပိုင်တရားလောဟူ၍ခွဲခြားသိလိမ့်မည်။-