67. သို့ဖြစ်၍သခင်ယေရှုက ``သင်တို့သည်လည်း ငါ့ထံမှထွက်ခွာသွားလိုကြပါသလော'' ဟုတပည့်တော်တစ်ကျိပ်နှစ်ပါးတို့အား မေးတော်မူ၏။
68. ရှိမုန်ပေတရုက ``အရှင်၊ အကျွန်ုပ်တို့သည် မည်သူထံသို့သွားကြရပါမည်နည်း။ ကိုယ် တော်ရှင်သာလျှင်ထာဝရအသက်ဆိုင်ရာ တရားကိုဟောပါ၏။-
69. ထိုမှတစ်ပါးလည်းကိုယ်တော်ရှင်သည်ထာဝရ ဘုရားထံမှကြွလာသောသန့်ရှင်းသောအရှင် ဖြစ်တော်မူသည်ကို ယခုအကျွန်ုပ်တို့ယုံကြည် သိမြင်ကြပါပြီ'' ဟုလျှောက်၏။
70. သခင်ယေရှုက ``ငါသည်တစ်ကျိပ်နှစ်ပါး သောသင်တို့ကိုရွေးချယ်ခန့်ထားခဲ့သည် မဟုတ်ပါလော။ သို့သော်လည်းသင်တို့တွင် နတ်မိစ္ဆာတစ်ဦးပါလျက်နေ၏'' ဟုမိန့်တော် မူ၏။-
71. ရှိမုန်ရှကာယုတ်၏သားယုဒသည်တစ်ကျိပ် နှစ်ပါးအပါအဝင်ဖြစ်သော်လည်း ကိုယ်တော် အားရန်သူ့လက်သို့အပ်မည့်သူဖြစ်သဖြင့် ထိုသူကိုရည်ဆောင်၍ဤသို့မိန့်တော်မူခြင်း ဖြစ်သတည်း။