ရှင်ယောဟန် 6:31-43 Common Language Bible (BCL)

31. ကျမ်း​စာ​တော်​တွင် `ကိုယ်​တော်​သည်​ထို​သူ​တို့​စား ရန်​ကောင်း​ကင်​မှ​မုန့်​ကို​ချ​ပေး​တော်​မူ​၏' ဟု ပါ​ရှိ​သည်​အ​တိုင်း အ​ကျွန်ုပ်​တို့​၏​ဘိုး​ဘေး များ​သည်​တော​ကန္တာ​ရ​တွင်​မန္န​မုန့်​ကို​စား​ကြ ရ​ပါ​၏'' ဟု​လျှောက်​ကြ​၏။

32. သ​ခင်​ယေ​ရှု​က ``အ​မှန်​အ​ကန်​သင်​တို့​အား ငါ​ဆို​သည်​ကား မော​ရှေ​သည်​သင်​တို့​အား ကောင်း​ကင်​မှ​အ​စာ​အာ​ဟာ​ရ​ကို​ပေး​သည် မ​ဟုတ်။ ငါ့​ခ​မည်း​တော်​သည်​သင်​တို့​အား ကောင်း​ကင်​မှ အ​စာ​အာ​ဟာ​ရ​အ​စစ်​အ​မှန် ကို​ပေး​တော်​မူ​၏။-

33. ထို​စစ်​မှန်​သော​အ​စာ​အာ​ဟာ​ရ​ကား​ကောင်း​ကင် ဘုံ​မှ​ကျ​ဆင်း​၍ ကမ္ဘာ​သူ​ကမ္ဘာ​သား​တို့​အား အ​သက်​ပေး​သော​သူ​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။

34. ထို​အ​ခါ​သူ​တို့​က ``အ​ရှင်၊ ထို​အ​စာ​အာ​ဟာ​ရ ကို အ​ကျွန်ုပ်​တို့​အား​အ​စဉ်​မ​ပြတ်​ပေး​သ​နား တော်​မူ​ပါ'' ဟု​လျှောက်​ကြ​၏။

35. သ​ခင်​ယေ​ရှု​က ``ငါ​သည်​အ​သက်​၏​အ​စာ​အာ​ဟာ ရ​ဖြစ်​၏။ ငါ့​ထံ​သို့​လာ​သော​သူ​သည်​အ​ဘယ်​အ​ခါ ၌​မျှ​ဆာ​ငတ်​လိမ့်​မည်​မ​ဟုတ်။ ငါ့​ကို​ယုံ​ကြည်​သော သူ​သည်​လည်း အ​ဘယ်​အ​ခါ​မျှ​ရေ​ငတ်​လိမ့်​မည် မ​ဟုတ်။-

36. သို့​ရာ​တွင်​သင်​တို့​သည်​ငါ့​ကို​တွေ့​မြင်​ကြ သော်​လည်း​မ​ယုံ​ကြည်​ကြ​ဟု​ငါ​ဆို​ခဲ့​ပြီ။-

37. ခ​မည်း​တော်​ငါ့​အား​ပေး​အပ်​တော်​မူ​သော​သူ အ​ပေါင်း​တို့​သည် ငါ့​ထံ​သို့​လာ​ကြ​လိမ့်​မည်။ ငါ့ ထံ​လာ​သော​သူ​ကို​ငါ​သည်​ပစ်​ပယ်​လိမ့်​မည် မ​ဟုတ်။-

38. အ​ဘယ်​ကြောင့်​ဆို​သော်​ငါ​သည်​ငါ့​အ​လို​အ​တိုင်း ဆောင်​ရွက်​ရန် ကောင်း​ကင်​ဘုံ​မှ​ဆင်း​သက်​လာ​သည် မ​ဟုတ်။ ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​အ​ရှင်​၏ အ​လို​အ​တိုင်း​ဆောင်​ရွက်​ရန် ဆင်း​သက်​လာ​သော ကြောင့်​တည်း။-

39. ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​အ​ရှင်​၏​အ​လို တော်​ကား ကိုယ်​တော်​ရှင်​ပေး​အပ်​ထား​တော်​မူ သော​သူ​အ​ပေါင်း​တို့​သည် ဆုံး​ပါး​ပျက်​စီး ခြင်း​မှ​နောက်​ဆုံး​သော​နေ့​၌ ရှင်​ပြန်​ထ​မြောက် ကြ​စေ​ရန်​ပင်​ဖြစ်​သည်။-

40. သား​တော်​ကို​ဖူး​မြင်​၍​ယုံ​ကြည်​လာ​သူ အ​ပေါင်း​တို့​သည် ထာ​ဝ​ရ​အ​သက်​ကို​ရ​ကြ စေ​ရန်​ခ​မည်း​တော်​အ​လို​တော်​ရှိ​၏။ ငါ​သည် လည်း​သူ​တို့​အား နောက်​ဆုံး​သော​နေ့​၌​သေ ခြင်း​မှ​ရှင်​ပြန်​ထ​မြောက်​စေ​မည်'' ဟု​မိန့် တော်​မူ​၏။

41. ကိုယ်​တော်​က ``ငါ​သည်​ကောင်း​ကင်​ဘုံ​မှ​ဆင်း သက်​သော​အ​စာ​အာ​ဟာ​ရ​ဖြစ်​၏'' ဟု​မိန့်​တော် မူ​သ​ဖြင့် လူ​တို့​သည်​ညည်း​ညူ​ကြ​၏။-

42. သူ​တို့​က ``ဤ​သူ​သည်​ယော​သပ်​၏​သား​ယေ​ရှု မ​ဟုတ်​ပါ​လော။ သူ့​မိ​ဘ​များ​ကို​ငါ​တို့​သိ​သည် မ​ဟုတ်​ပါ​လော။ သို့​ပါ​လျက်​အ​ဘယ်​ကြောင့်`ငါ သည်​ကောင်း​ကင်​ဘုံ​မှ​ဆင်း​သက်​ခဲ့​သည်' ဟု​သူ ဆို​ဘိ​သ​နည်း'' ဟု​ပြော​ကြ​၏။

43. သ​ခင်​ယေ​ရှု​က ``သင်​တို့​အ​ချင်း​ချင်း​ညည်း​ညူ မ​နေ​ကြ​နှင့်။-

ရှင်ယောဟန် 6