1. ထိုသို့မိန့်တော်မူပြီးနောက်သခင်ယေရှုသည် ဂါလိလဲအိုင် (တိဗေရိအိုင်ဟုလည်းခေါ်သည်) ကိုကူးတော်မူ၏။-
2. သူနာများအားရောဂါပျောက်ကင်းစေတော် မူသည်ကိုတွေ့မြင်ခဲ့ကြသဖြင့် လူပရိသတ် ကြီးသည်နောက်တော်သို့လိုက်ကြ၏။-
3. သခင်ယေရှုသည်တောင်ပေါ်သို့တက်တော်မူ၍ တပည့်တော်တို့နှင့်အတူထိုင်တော်မူ၏။-
4. ယုဒအမျိုးသားတို့၏ပွဲတော်ဖြစ်သော ပသခါပွဲကျရောက်ရန်အခါကားနီး ပေပြီ။-
5. သခင်ယေရှုသည်မျှော်ကြည့်လိုက်သောအခါ မိမိထံသို့လူပရိသတ်ကြီးလာလျက်နေ သည်ကိုမြင်တော်မူ၍ ``ဤသူတို့စားရန် အစားအစာကိုအဘယ်မှာဝယ်နိုင်သနည်း'' ဟုဖိလိပ္ပုအားမေးတော်မူ၏။-
6. (ဤသို့မေးတော်မူခြင်းမှာဖိလိပ္ပုကိုအကဲ ခပ်လို၍ဖြစ်၏။ ကိုယ်တော်ကားမိမိအဘယ် သို့ပြုမည်ကိုသိရှိပြီးဖြစ်ပေသည်။)
7. ဖိလိပ္ပုက ``လူတစ်ယောက်ကိုအစားအစာ အနည်းငယ်စီကျွေးရန်ပင်လျှင် ငွေဒေနာရိ နှစ်ရာဖိုးနှင့်လုံလောက်မည်မဟုတ်ပါ'' ဟု လျှောက်၏။-
8. ရှိမုန်ပေတရု၏ညီ၊ တပည့်တော်တစ်ဦးဖြစ် သူအန္ဒြေကကိုယ်တော်အား၊-
9. ``ဤမှာသူငယ်တစ်ယောက်ရှိပါ၏။ သူ့ထံ တွင်မုယောမုန့်ငါးလုံးနှင့်ငါးနှစ်ကောင်ရှိ ပါ၏။ သို့ရာတွင်ဤမျှကြီးမားသောလူ ပရိသတ်အား ထိုမုန့်နှင့်ငါးကိုအဘယ် သို့လျှင်လောက်ငအောင်ကျွေးနိုင်ပါမည် နည်း'' ဟုလျှောက်၏။
10. ကိုယ်တော်က ``လူတို့အားထိုင်စေကြလော့'' ဟု မိန့်တော်မူ၏။ (ထိုအရပ်တွင်မြက်ထူထပ်သဖြင့်) ငါးထောင်မျှသောလူတို့သည်မြက်ပေါ်တွင် ထိုင်ကြ၏။-
11. ထိုနောက်သခင်ယေရှုသည်မုန့်ကိုယူ၍ ကျေးဇူးတော်ကိုချီးမွမ်းတော်မူပြီးလျှင် ထိုင်နေသောသူတို့အားဝေငှပေးတော် မူ၏။ ငါးကိုလည်းထိုနည်းတူပြုတော် မူ၏။ လူတို့သည်ဝအောင်စားကြရ၏။-
12. ထိုသူတို့စား၍ဝကြသောအခါကိုယ်တော် က ``စားကြွင်းစားကျန်များကိုမလေမလွင့် ရအောင်သိမ်းကြလော့'' ဟုတပည့်တော်တို့ အားမိန့်တော်မူ၏။-
13. သို့ဖြစ်၍တပည့်တော်တို့သည်ကောက်သိမ်း ကြရာမုယောမုန့်ငါးလုံးနှင့်ငါးနှစ်ကောင် မှ စားကြွင်းစားကျန်အစအနများတောင်း တစ်ဆယ့်နှစ်တောင်းအပြည့်ရကြ၏။