8. သခင်ယေရှုက ``ထလော့၊ သင့်အိပ်ရာကိုယူ ၍လှမ်းသွားလော့'' ဟုထိုသူအားမိန့်တော် မူ၏။-
9. ထိုသူသည်ချက်ချင်းကျန်းမာလာသဖြင့် မိမိ၏အိပ်ရာကိုယူ၍လှမ်းသွားလေ၏။ထိုနေ့ကားဥပုသ်နေ့ဖြစ်၏။-
10. သို့ဖြစ်၍ယုဒအာဏာပိုင်တို့သည်ကျန်းမာ လာသူအား ``ယနေ့သည်ဥပုသ်နေ့ဖြစ်၍သင့် အိပ်ရာကိုမယူဆောင်အပ်'' ဟုဆို၏။
11. ထိုသူက ``အကျွန်ုပ်အားကျန်းမာစေသူက `သင့်အိပ်ရာကိုယူ၍လှမ်းသွားလော့' ဟုစေ ခိုင်းပါ၏'' ဟုပြန်၍ပြော၏။
12. သူတို့က ``သင့်အားအိပ်ရာကိုယူ၍လှမ်းသွား လော့ဟုဆိုသူကားမည်သူနည်း'' ဟုမေးကြ၏။