5. ထိုနေရာတွင်သုံးဆယ့်ရှစ်နှစ်ပတ်လုံးမကျန်း မမာဖြစ်နေသူလူတစ်ယောက်ရှိ၏။-
6. ထိုသူလဲလျောင်းနေသည်ကိုသခင်ယေရှု မြင်တော်မူလျှင် ကာလကြာမြင့်စွာဤသို့ လဲလျောင်းနေခဲ့သည့်အဖြစ်ကိုသိတော်မူ၏။ ထို့ကြောင့်ကိုယ်တော်က ``သင်သည်ကျန်းမာ လိုပါသလော'' ဟုမေးတော်မူ၏။
7. ထိုသူက ``အရှင်၊ ရေလှုပ်ရှားလာသောအခါ အကျွန်ုပ်ကိုရေကန်ထဲသို့ချပေးမည့်သူ တစ်ယောက်မျှမရှိပါ။ အကျွန်ုပ်ဆင်းမည်ပြု နေစဉ် အခြားသူတစ်ယောက်သည်ဦးစွာရေ ကန်ထဲသို့ရောက်ရှိသွားတတ်ပါ၏'' ဟု လျှောက်၏။
8. သခင်ယေရှုက ``ထလော့၊ သင့်အိပ်ရာကိုယူ ၍လှမ်းသွားလော့'' ဟုထိုသူအားမိန့်တော် မူ၏။-
9. ထိုသူသည်ချက်ချင်းကျန်းမာလာသဖြင့် မိမိ၏အိပ်ရာကိုယူ၍လှမ်းသွားလေ၏။ထိုနေ့ကားဥပုသ်နေ့ဖြစ်၏။-
10. သို့ဖြစ်၍ယုဒအာဏာပိုင်တို့သည်ကျန်းမာ လာသူအား ``ယနေ့သည်ဥပုသ်နေ့ဖြစ်၍သင့် အိပ်ရာကိုမယူဆောင်အပ်'' ဟုဆို၏။
11. ထိုသူက ``အကျွန်ုပ်အားကျန်းမာစေသူက `သင့်အိပ်ရာကိုယူ၍လှမ်းသွားလော့' ဟုစေ ခိုင်းပါ၏'' ဟုပြန်၍ပြော၏။
12. သူတို့က ``သင့်အားအိပ်ရာကိုယူ၍လှမ်းသွား လော့ဟုဆိုသူကားမည်သူနည်း'' ဟုမေးကြ၏။
13. သို့ရာတွင်မိမိအားဤသို့စေခိုင်းသူသည် မည်သူဖြစ်ကြောင်းကို ကျန်းမာလာသောသူ သည်မသိ။ အဘယ်ကြောင့်ဆိုသော်သခင် ယေရှုသည် ပရိသတ်အကြားမှမထင် မရှားထွက်ခွာသွားတော်မူသောကြောင့်တည်း။
14. ထိုနောက်သခင်ယေရှုသည်ထိုသူ့ကိုဗိမာန် တော်ထဲတွင်တွေ့တော်မူသဖြင့် ``သင်သည်ယခု ကျန်းမာလာလေပြီ။ နောက်ထပ်အပြစ်မကူး နှင့်။ သို့မဟုတ်ပါမူ သင်သည်ဤမျှထက်ဆိုး ရွားသောအဖြစ်မျိုးနှင့်ကြုံရလိမ့်မည်'' ဟု မိန့်တော်မူ၏။