ရှင်ယောဟန် 5:5-13 Common Language Bible (BCL)

5. ထို​နေ​ရာ​တွင်​သုံး​ဆယ့်​ရှစ်​နှစ်​ပတ်​လုံး​မ​ကျန်း မ​မာ​ဖြစ်​နေ​သူ​လူ​တစ်​ယောက်​ရှိ​၏။-

6. ထို​သူ​လဲ​လျောင်း​နေ​သည်​ကို​သ​ခင်​ယေ​ရှု မြင်​တော်​မူ​လျှင် ကာ​လ​ကြာ​မြင့်​စွာ​ဤ​သို့ လဲ​လျောင်း​နေ​ခဲ့​သည့်​အ​ဖြစ်​ကို​သိ​တော်​မူ​၏။ ထို့​ကြောင့်​ကိုယ်​တော်​က ``သင်​သည်​ကျန်း​မာ လို​ပါ​သ​လော'' ဟု​မေး​တော်​မူ​၏။

7. ထို​သူ​က ``အ​ရှင်၊ ရေ​လှုပ်​ရှား​လာ​သော​အ​ခါ အ​ကျွန်ုပ်​ကို​ရေ​ကန်​ထဲ​သို့​ချ​ပေး​မည့်​သူ တစ်​ယောက်​မျှ​မ​ရှိ​ပါ။ အ​ကျွန်ုပ်​ဆင်း​မည်​ပြု နေ​စဉ် အ​ခြား​သူ​တစ်​ယောက်​သည်​ဦး​စွာ​ရေ ကန်​ထဲ​သို့​ရောက်​ရှိ​သွား​တတ်​ပါ​၏'' ဟု လျှောက်​၏။

8. သ​ခင်​ယေ​ရှု​က ``ထ​လော့၊ သင့်​အိပ်​ရာ​ကို​ယူ ၍​လှမ်း​သွား​လော့'' ဟု​ထို​သူ​အား​မိန့်​တော် မူ​၏။-

9. ထို​သူ​သည်​ချက်​ချင်း​ကျန်း​မာ​လာ​သ​ဖြင့် မိ​မိ​၏​အိပ်​ရာ​ကို​ယူ​၍​လှမ်း​သွား​လေ​၏။ထို​နေ့​ကား​ဥ​ပုသ်​နေ့​ဖြစ်​၏။-

10. သို့​ဖြစ်​၍​ယု​ဒ​အာ​ဏာ​ပိုင်​တို့​သည်​ကျန်း​မာ လာ​သူ​အား ``ယ​နေ့​သည်​ဥ​ပုသ်​နေ့​ဖြစ်​၍​သင့် အိပ်​ရာ​ကို​မ​ယူ​ဆောင်​အပ်'' ဟု​ဆို​၏။

11. ထို​သူ​က ``အ​ကျွန်ုပ်​အား​ကျန်း​မာ​စေ​သူ​က `သင့်​အိပ်​ရာ​ကို​ယူ​၍​လှမ်း​သွား​လော့' ဟု​စေ ခိုင်း​ပါ​၏'' ဟု​ပြန်​၍​ပြော​၏။

12. သူ​တို့​က ``သင့်​အား​အိပ်​ရာ​ကို​ယူ​၍​လှမ်း​သွား လော့​ဟု​ဆို​သူ​ကား​မည်​သူ​နည်း'' ဟု​မေး​ကြ​၏။

13. သို့​ရာ​တွင်​မိ​မိ​အား​ဤ​သို့​စေ​ခိုင်း​သူ​သည် မည်​သူ​ဖြစ်​ကြောင်း​ကို ကျန်း​မာ​လာ​သော​သူ သည်​မ​သိ။ အ​ဘယ်​ကြောင့်​ဆို​သော်​သ​ခင် ယေ​ရှု​သည် ပ​ရိ​သတ်​အ​ကြား​မှ​မ​ထင် မ​ရှား​ထွက်​ခွာ​သွား​တော်​မူ​သော​ကြောင့်​တည်း။

ရှင်ယောဟန် 5