ရှင်ယောဟန် 5:40-44 Common Language Bible (BCL)

40. သို့​သော်​လည်း​သင်​တို့​သည်​အ​သက်​ရ​အံ့​သော ငှာ​ငါ့​ထံ​သို့​မ​လာ​လို​ကြ။

41-42. ``လူ​တို့​ချီး​မွမ်း​ဂုဏ်​ပြု​ခြင်း​ကို​ငါ​မ​ခံ​လို။ သို့​ရာ​တွင်​သင်​တို့​အ​ကြောင်း​ကို​ငါ​သိ​၏။ သင်​တို့​စိတ်​နှ​လုံး​တွင်​ဘု​ရား​သ​ခင်​ကို ချစ်​ခြင်း​မ​ရှိ​ကြ။-

43. ငါ​သည်​ခ​မည်း​တော်​၏​အ​ခွင့်​အာ​ဏာ​နှင့် ရောက်​ရှိ​လာ​သော်​လည်း သင်​တို့​သည်​ငါ့​ကို လက်​မ​ခံ​ကြ။ အ​ခြား​သူ​တစ်​ဦး​တစ်​ယောက် သည် ကိုယ်​ပိုင်​အ​ခွင့်​အာ​ဏာ​နှင့်​ရောက်​ရှိ​လာ ပါ​မူ သင်​တို့​လက်​ခံ​ကြ​လိမ့်​မည်။-

44. သင်​တို့​သည်​အ​ချင်း​ချင်း​ချီး​မွမ်း​ဂုဏ်​ပြု​ခြင်း ကို​ခံ​လို​ကြ​၏။ သို့​ရာ​တွင်​တစ်​ဆူ​တည်း​ရှိ​တော် မူ​သော​ဘု​ရား​သ​ခင်​၏​ချီး​မွမ်း​ဂုဏ်​ပြု​ခြင်း ကို​ခံ​ရန်​ကို​မူ​မ​ကြိုး​စား​ကြ။ သို့​ဖြစ်​၍​သင် တို့​သည်​ငါ့​ကို​အ​ဘယ်​သို့​ယုံ​ကြည်​နိုင်​ကြ မည်​နည်း။-

ရှင်ယောဟန် 5