24. ``အမှန်အကန်သင်တို့အားငါဆိုသည်ကား ငါ၏စကားကိုကြားနာ၍ ငါ့ကိုစေလွှတ် တော်မူသောအရှင်ကိုယုံကြည်သူသည် ထာဝရအသက်ကိုရ၏။ သူသည်တရား စီရင်တော်မူခြင်းကိုမခံရဘဲ သေခြင်း မှအသက်ရှင်ခြင်းသို့ကူးမြောက်သောသူ ဖြစ်၏။-
25. အမှန်အကန်သင်တို့အားငါဆိုသည်ကား သူသေတို့သည် ဘုရားသခင်၏သားတော် အသံကိုကြားရသည့်အချိန်ကျရောက် လာလိမ့်မည်။ ထိုအချိန်သည်ယခုပင်ကျ ရောက်လျက်ရှိပြီ။ သားတော်၏အသံကို ကြားရသောသူတို့သည်အသက်ပြန်၍ ရှင်ကြလိမ့်မည်။-
26. ခမည်းတော်မှာအသက်ပေးပိုင်သောတန်ခိုး ရှိတော်မူသည်နည်းတူ သားတော်တွင်လည်းရှိ စေရန်ထိုတန်ခိုးကိုသားတော်အားအပ်နှင်း ထားတော်မူ၏။-
27. သားတော်သည်လူသားဖြစ်တော်မူသည်နှင့် အညီ တရားစီရင်ပိုင်သောတန်ခိုးအပ်နှင်း ခြင်းကိုခံရ၏။-
28. ဤအခြင်းအရာကိုသင်တို့မအံ့သြကြနှင့်။ သင်္ချိုင်းမှသူသေတို့သည်သားတော်၏အသံ တော်ကိုကြား၍ထွက်လာကြမည့်အချိန်ကျ ရောက်လိမ့်မည်။-
29. အကျင့်ကောင်းကိုပြုခဲ့သူတို့သည်ထမြောက် ၍အသက်ရှင်ကြရလိမ့်မည်။ အကျင့်ဆိုးကို ပြုခဲ့သူတို့မူကား ထမြောက်၍အပြစ်စီရင် ခြင်းကိုခံရလိမ့်မည်။
30. ``ငါသည်မိမိအလိုအလျောက်မည်သည့်အရာ ကိုမျှမပြုနိုင်။ ခမည်းတော်ဖော်ပြသည့်အတိုင်း သာလျှင်စီရင်ဆုံးဖြတ်၏။ ငါသည်ကိုယ့်အလို သို့မလိုက်။ ငါ့ကိုစေလွှတ်တော်မူသောအရှင်၏ အလိုတော်သို့လိုက်သည်ဖြစ်၍ ငါ၏စီရင်ဆုံး ဖြတ်ချက်သည်မှန်ကန်၏။