ရှင်ယောဟန် 5:13-24 Common Language Bible (BCL)

13. သို့​ရာ​တွင်​မိ​မိ​အား​ဤ​သို့​စေ​ခိုင်း​သူ​သည် မည်​သူ​ဖြစ်​ကြောင်း​ကို ကျန်း​မာ​လာ​သော​သူ သည်​မ​သိ။ အ​ဘယ်​ကြောင့်​ဆို​သော်​သ​ခင် ယေ​ရှု​သည် ပ​ရိ​သတ်​အ​ကြား​မှ​မ​ထင် မ​ရှား​ထွက်​ခွာ​သွား​တော်​မူ​သော​ကြောင့်​တည်း။

14. ထို​နောက်​သ​ခင်​ယေ​ရှု​သည်​ထို​သူ့​ကို​ဗိ​မာန် တော်​ထဲ​တွင်​တွေ့​တော်​မူ​သ​ဖြင့် ``သင်​သည်​ယ​ခု ကျန်း​မာ​လာ​လေ​ပြီ။ နောက်​ထပ်​အ​ပြစ်​မ​ကူး နှင့်။ သို့​မ​ဟုတ်​ပါ​မူ သင်​သည်​ဤ​မျှ​ထက်​ဆိုး ရွား​သော​အ​ဖြစ်​မျိုး​နှင့်​ကြုံ​ရ​လိမ့်​မည်'' ဟု မိန့်​တော်​မူ​၏။

15. ထို​သူ​သည်​ထွက်​သွား​၍​မိ​မိ​အား​ကျန်း​မာ စေ​သော​သူ​မှာ သ​ခင်​ယေ​ရှု​ပင်​ဖြစ်​ကြောင်း ယု​ဒ​အာ​ဏာ​ပိုင်​တို့​အား​ပြော​ကြား​လေ​၏။-

16. ထို့​ကြောင့်​ဥပုသ်​နေ့​၌​ဤ​အ​မှု​အ​ရာ​ကို ပြု​တော်​မူ​သည့်​အ​တွက် ယု​ဒ​အာ​ဏာ​ပိုင် တို့​သည်​ထို​နေ့​မှ​စ​၍​ကိုယ်​တော်​အား အ​နှောင့်​အ​ယှက်​ပေး​ကြ​၏။-

17. ကိုယ်​တော်​က ``ငါ့​ခ​မည်း​တော်​သည်​အ​ဘယ် အ​ခါ​မျှ​အ​လုပ်​မှ​ရပ်​နား​သည်​ဟူ​၍​မ​ရှိ။ ထို​နည်း​တူ​စွာ​ငါ​သည်​လည်း​လုပ်​ဆောင်​လျက် နေ​ရ​မည်'' ဟု​ထို​သူ​တို့​အား​မိန့်​တော်​မူ​၏။

18. ဤ​သို့​မိန့်​တော်​မူ​သော​ကြောင့်​လည်း​ကောင်း၊ ဥ​ပုသ် စည်း​ကမ်း​ကို​ချိုး​ဖောက်​ရုံ​မ​က ဘု​ရား​သ​ခင်​အား မိ​မိ​၏​အ​ဖ​ဟူ​၍​ခေါ်​ကာ မိ​မိ​ကိုယ်​ကို​ဘု​ရား နှင့်​တန်း​တူ​ထား​တော်​မူ​သော​ကြောင့်​လည်း​ကောင်း ယု​ဒ​အာ​ဏာ​ပိုင်​တို့​သည်​ကိုယ်​တော်​ကို​သတ် ရန်​ပို​၍​ကြံ​စည်​အား​ထုတ်​ကြ​၏။

19. ထို့​ကြောင့်​သ​ခင်​ယေ​ရှု​က ယု​ဒ​အာ​ဏာ​ပိုင် တို့​အား ``အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို သည်​ကား​သား​တော်​သည် မိ​မိ​အ​လို​အ​လျောက် အ​ဘယ်​အ​မှု​ကို​မျှ​မ​ပြု​နိုင်။ ခ​မည်း​တော်​ပြု တော်​မူ​သည့်​အ​မှု​အ​ရာ​များ​ကို​တွေ့​မြင်​ရ သည့်​အ​တိုင်း​သာ​လျှင်​ပြု​၏။ ခ​မည်း​တော်​ပြု တော်​မူ​သော​အ​ရာ​တို့​ကို​သား​တော်​သည်​ပြု တော်​မူ​၏။-

20. ခ​မည်း​တော်​သည်​သား​တော်​ကို​ချစ်​တော်​မူ သ​ဖြင့် မိ​မိ​ပြု​သ​မျှ​သော​အ​မှု​အ​ရာ​များ ကို​သား​တော်​အား​ပြ​သ​တော်​မူ​၏။ ဤ​အ​မှု အ​ရာ​များ​ထက်​ပင်​ကြီး​စွာ​သော​အ​မှု​အ​ရာ များ​ကို​ပြု​ရန် ခ​မည်း​တော်​သည်​သား​တော်​အား ပြ​သ​ပေး​မည်​ဖြစ်​၍​သင်​တို့​သည်​အံ့​သြ ကြ​လိမ့်​မည်။-

21. ခမည်း​တော်​သည်​သူ​သေ​များ​ကို​အ​သက်​ပြန် ရှင်​စေ​တော်​မူ​သ​ကဲ့​သို့ သား​တော်​သည်​လည်း မိ​မိ​အ​လို​ရှိ​သူ​များ​ကို​အ​သက်​ရှင်​စေ တော်​မူ​၏။-

22. ခ​မည်း​တော်​သည်​အ​ဘယ်​သူ​ကို​မျှ​တ​ရား စီ​ရင်​တော်​မ​မူ။-

23. သား​တော်​အား​တ​ရား​စီ​ရင်​ပိုင်​ခွင့်​ရှိ​သ​မျှ ကို​ပေး​အပ်​ထား​တော်​မူ​၏။ သို့​ဖြစ်​၍​လူ​တို့ သည်​ခ​မည်း​တော်​အား​ရို​သေ​ကြ​သည်​နည်း တူ သား​တော်​အား​ရို​သေ​ရ​ကြ​မည်။ သား​တော် အား​မ​ရို​သေ​သော​သူ​သည်​သား​တော်​ကို​စေ လွှတ်​တော်​မူ​သော​ခ​မည်း​တော်​အား​မ​ရို​သေ သူ​ဖြစ်​၏။

24. ``အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား ငါ​၏​စ​ကား​ကို​ကြား​နာ​၍ ငါ့​ကို​စေ​လွှတ် တော်​မူ​သော​အ​ရှင်​ကို​ယုံ​ကြည်​သူ​သည် ထာ​ဝ​ရ​အ​သက်​ကို​ရ​၏။ သူ​သည်​တ​ရား စီ​ရင်​တော်​မူ​ခြင်း​ကို​မ​ခံ​ရ​ဘဲ သေ​ခြင်း မှ​အ​သက်​ရှင်​ခြင်း​သို့​ကူး​မြောက်​သော​သူ ဖြစ်​၏။-

ရှင်ယောဟန် 5