ရှင်ယောဟန် 5:1-8 Common Language Bible (BCL)

1. ထို​နောက်​ယု​ဒ​အ​မျိုး​သား​တို့​၏​ဘာ​သာ​ရေး ပွဲ​တော်​ရှိ​သ​ဖြင့် သ​ခင်​ယေ​ရှု​သည်​ယေ​ရု ရှ​လင်​မြို့​သို့​ကြွ​တော်​မူ​၏။-

2. ယေ​ရု​ရှ​လင်​မြို့​သိုး​တံ​ခါး​အ​နီး​မှာ​ရေ​ကန် ရှိ​၏။ ထို​ရေ​ကန်​ကို​ဟေ​ဗြဲ​စ​ကား​ဖြင့်​ဗေ​သေ သ​ဒ​ဟု​ခေါ်​၏။ ထို​ရေ​ကန်​ကို​မုခ်​ငါး​ခု​ဖြင့် ခြံ​ရံ​ထား​၏။-

3. ထို​မုခ်​များ​အောက်​တွင်​မျက်​စိ​မ​မြင်​သူ၊ ခြေ​မ​စွမ်း​မ​သန်​သူ၊ လေ​ဖြတ်​သူ​မှ​စ​၍ သူ​နာ​အ​မြောက်​အ​မြား​ပင်​လဲ​လျောင်း လျက်​နေ​ကြ​၏။-

4. (ဘု​ရား​သ​ခင်​၏​ကောင်း​ကင်​တ​မန်​သည်​မ​ကြာ မ​ကြာ​ရေ​ကန်​သို့​ဆင်း​သက်​ကာ​ရေ​ကို​လှုပ်​ရှား လေ့​ရှိ​သ​ဖြင့် ထို​သူ​တို့​သည်​ရေ​လှုပ်​ရှား​မည်​ကို စောင့်​မျှော်​လျက်​နေ​ကြ​၏။ ယင်း​သို့​ရေ​လှုပ်​ရှား လာ​ပြီး​နောက် ဦး​စွာ​ပ​ထ​မ​ရေ​ကန်​တွင်း​သို့ ဆင်း​နိုင်​သူ​သည်​ရော​ဂါ​ပျောက်​သွား​လေ​သည်။)-

5. ထို​နေ​ရာ​တွင်​သုံး​ဆယ့်​ရှစ်​နှစ်​ပတ်​လုံး​မ​ကျန်း မ​မာ​ဖြစ်​နေ​သူ​လူ​တစ်​ယောက်​ရှိ​၏။-

6. ထို​သူ​လဲ​လျောင်း​နေ​သည်​ကို​သ​ခင်​ယေ​ရှု မြင်​တော်​မူ​လျှင် ကာ​လ​ကြာ​မြင့်​စွာ​ဤ​သို့ လဲ​လျောင်း​နေ​ခဲ့​သည့်​အ​ဖြစ်​ကို​သိ​တော်​မူ​၏။ ထို့​ကြောင့်​ကိုယ်​တော်​က ``သင်​သည်​ကျန်း​မာ လို​ပါ​သ​လော'' ဟု​မေး​တော်​မူ​၏။

7. ထို​သူ​က ``အ​ရှင်၊ ရေ​လှုပ်​ရှား​လာ​သော​အ​ခါ အ​ကျွန်ုပ်​ကို​ရေ​ကန်​ထဲ​သို့​ချ​ပေး​မည့်​သူ တစ်​ယောက်​မျှ​မ​ရှိ​ပါ။ အ​ကျွန်ုပ်​ဆင်း​မည်​ပြု နေ​စဉ် အ​ခြား​သူ​တစ်​ယောက်​သည်​ဦး​စွာ​ရေ ကန်​ထဲ​သို့​ရောက်​ရှိ​သွား​တတ်​ပါ​၏'' ဟု လျှောက်​၏။

8. သ​ခင်​ယေ​ရှု​က ``ထ​လော့၊ သင့်​အိပ်​ရာ​ကို​ယူ ၍​လှမ်း​သွား​လော့'' ဟု​ထို​သူ​အား​မိန့်​တော် မူ​၏။-

41-42. ``လူ​တို့​ချီး​မွမ်း​ဂုဏ်​ပြု​ခြင်း​ကို​ငါ​မ​ခံ​လို။ သို့​ရာ​တွင်​သင်​တို့​အ​ကြောင်း​ကို​ငါ​သိ​၏။ သင်​တို့​စိတ်​နှ​လုံး​တွင်​ဘု​ရား​သ​ခင်​ကို ချစ်​ခြင်း​မ​ရှိ​ကြ။-

ရှင်ယောဟန် 5