1. ထိုနောက်ယုဒအမျိုးသားတို့၏ဘာသာရေး ပွဲတော်ရှိသဖြင့် သခင်ယေရှုသည်ယေရု ရှလင်မြို့သို့ကြွတော်မူ၏။-
2. ယေရုရှလင်မြို့သိုးတံခါးအနီးမှာရေကန် ရှိ၏။ ထိုရေကန်ကိုဟေဗြဲစကားဖြင့်ဗေသေ သဒဟုခေါ်၏။ ထိုရေကန်ကိုမုခ်ငါးခုဖြင့် ခြံရံထား၏။-
3. ထိုမုခ်များအောက်တွင်မျက်စိမမြင်သူ၊ ခြေမစွမ်းမသန်သူ၊ လေဖြတ်သူမှစ၍ သူနာအမြောက်အမြားပင်လဲလျောင်း လျက်နေကြ၏။-