9. ရှမာရိအမျိုးသမီးက ``သင်သည်ယုဒ အမျိုးသားတစ်ယောက်ဖြစ်ပါလျက် ရှမာရိ အမျိုးသမီးဖြစ်သူကျွန်မထံမှသောက်ရေ ကိုအဘယ်ကြောင့်တောင်းပါသနည်း'' ဟုမေး၏။ (ဤသို့မေးရသည့်အကြောင်းမှာယုဒအမျိုး သားများသည် ရှမာရိအမျိုးသားတို့၏ခွက် ယောက်များကိုအသုံးပြုလေ့မရှိကြသော ကြောင့်ဖြစ်၏။)
10. သခင်ယေရှုက ``ဘုရားသခင်ပေးသနား တော်မူသောဆုကျေးဇူးတော်ကိုလည်းကောင်း၊ သင့်အားသောက်ရေတစ်ခွက်တောင်းနေသူသည် အဘယ်သူဖြစ်သည်ကိုလည်းကောင်းသင်သည် သိပါလျှင် ထိုသူ၏ထံမှအသက်ရေကို တောင်းလိမ့်မည်။ ထိုသူသည်လည်းသင့်အား ထိုရေကိုပေးလိမ့်မည်'' ဟုမိန့်တော်မူ၏။
11. ထိုအမျိုးသမီးက ``အရှင်၊ ရေတွင်းသည် နက်ပါ၏။ အရှင့်မှာခပ်စရာရေပုံးမရှိ ပါ။ အဘယ်မှာလျှင်အသက်ရေကိုရပါ မည်နည်း။-
12. အဖယာကုပ်သည်သူကိုယ်တိုင်မှစ၍သား များ၊ သိုးများ၊ နွားများသည်ဤရေတွင်းရေ ကိုသောက်ခဲ့ကြပါ၏။ အရှင်သည်အဖ ယာကုပ်ထက်ပင်ကြီးမြတ်ပါသလော'' ဟု ဆို၏။
13. သခင်ယေရှုက ``ဤရေကိုသောက်သူတိုင်း နောက်တစ်ဖန်ရေငတ်လိမ့်ဦးမည်။-
14. ငါပေးမည့်ရေကိုသောက်သူမူကားအဘယ် အခါမျှရေငတ်တော့မည်မဟုတ်။ ထိုရေသည် သူ၏အတွင်း၌ထာဝစဉ်စမ်းပေါက်လျက် သူ့ အားထာဝရအသက်ကိုရရှိစေလိမ့်မည်'' ဟုမိန့်တော်မူ၏။
15. ထိုအမျိုးသမီးက ``အရှင်၊ ကျွန်မသည်နောက် တစ်ဖန်ရေမငတ်စေရန်လည်းကောင်း၊ ဤအရပ် သို့လာ၍ရေမခပ်ရစေရန်လည်းကောင်း ထိုရေ ကိုကျွန်မအားပေးတော်မူပါ'' ဟုလျှောက်၏။
16. ကိုယ်တော်က ``သွားလော့။ သင့်ခင်ပွန်းကိုခေါ် ခဲ့လော့'' ဟုမိန့်တော်မူ၏။
17. ထိုအမျိုးသမီးက ``ကျွန်မမှာခင်ပွန်းမရှိ ပါ'' ဟုဆို၏။ကိုယ်တော်က ``ကျွန်မမှာခင်ပွန်းမရှိဟုဆို သည်မှာမှန်ပေ၏။-
18. သင့်မှာခင်ပွန်းငါးယောက်ရှိခဲ့ဖူးပြီ။ ယခု သင်နှင့်အတူနေသူကားသင်၏ခင်ပွန်းမ ဟုတ်။ သင်သည်မှန်သောစကားကိုပြော၏'' ဟု မိန့်တော်မူ၏။