49. အရာရှိက ``အရှင်၊ အကျွန်ုပ်၏သားမသေမီ ကြွတော်မူပါ'' ဟုလျှောက်၏။
50. သခင်ယေရှုက ``သွားလော့။ သင့်သားသည် အသက်ရှင်လိမ့်မည်'' ဟုမိန့်တော်မူ၏။ထိုသူသည်သခင်ယေရှုမိန့်တော်မူသည့် စကားကိုယုံကြည်လျက်ထွက်သွား၏။-
51. သူသည်လမ်းခရီးမှာရှိနေသေးစဉ်သူ၏ အစေခံများရောက်လာ၍ ``အရှင်၏သားငယ် သည်သက်သာလာပါပြီ'' ဟုပြောကြားကြ၏။
52. ထိုသူက ``အဘယ်အချိန်၌သားငယ်ရောဂါ သက်သာသွားပါသနည်း'' ဟုမေးသောအခါ အစေခံများက ``ယမန်နေ့မွန်းလွဲတစ်နာရီ ခန့်တွင်အဖျားပျောက်ပါ၏'' ဟုဖြေကြား ကြ၏။-
53. ထိုအခါဖခင်ဖြစ်သူသည်ထိုအချိန်ကား `သင့်သားသည်အသက်ရှင်လိမ့်မည်' ဟုသခင် ယေရှုမိန့်တော်မူသောအချိန်ပင်ဖြစ်ကြောင်း ကိုသတိရလေသည်။ သို့ဖြစ်၍သူနှင့်တကွ အိမ်သူအိမ်သားအပေါင်းတို့သည်ကိုယ်တော် အားယုံကြည်လာကြ၏။
54. ဤကားယုဒပြည်မှဂါလိလဲပြည်သို့သခင် ယေရှုကြွတော်မူပြီးနောက် ဒုတိယအကြိမ် ပြတော်မူသောအံ့ဖွယ်နိမိတ်လက္ခဏာဖြစ် သတည်း။