5. ရှုခါနာမည်ရှိသောမြို့သို့ရောက်တော်မူ၏။ ထိုမြို့သည်ယာကုပ်ကသားယောသပ်အား ပေးသည့်မြေယာအနီးတွင်တည်ရှိ၏။-
6. ထိုအရပ်တွင်ယာကုပ်၏ရေတွင်းရှိ၏။ သခင် ယေရှုသည်ခရီးပန်းတော်မူသဖြင့်ရေတွင်း အနီးတွင်ထိုင်တော်မူ၏။ ထိုအချိန်ကားမွန်း တည့်အချိန်ခန့်ဖြစ်သတည်း။
7. ရှမာရိအမျိုးသမီးတစ်ဦးသည်ရေခပ်ရန် ရောက်ရှိလာ၏။ သခင်ယေရှုက ``ငါ့အား သောက်ရေတစ်ခွက်ပေးပါ'' ဟုထိုအမျိုး သမီးအားမိန့်တော်မူ၏။-
8. (တပည့်တော်တို့သည်အစားအစာဝယ်ရန် မြို့ထဲသို့သွားနေခိုက်ဖြစ်၏။)
9. ရှမာရိအမျိုးသမီးက ``သင်သည်ယုဒ အမျိုးသားတစ်ယောက်ဖြစ်ပါလျက် ရှမာရိ အမျိုးသမီးဖြစ်သူကျွန်မထံမှသောက်ရေ ကိုအဘယ်ကြောင့်တောင်းပါသနည်း'' ဟုမေး၏။ (ဤသို့မေးရသည့်အကြောင်းမှာယုဒအမျိုး သားများသည် ရှမာရိအမျိုးသားတို့၏ခွက် ယောက်များကိုအသုံးပြုလေ့မရှိကြသော ကြောင့်ဖြစ်၏။)
43-44. ``ပရောဖက်သည်မိမိနေရင်းပြည်ရွာ၌ ဂုဏ်အသရေမရှိ'' ဟုသခင်ယေရှုကိုယ် တော်တိုင်မိန့်တော်မူခဲ့ဖူးသည့်အတိုင်း နှစ် ရက်မျှကြာသော်ထိုအရပ်မှထွက်ခွာ၍ ဂါလိလဲပြည်သို့ကြွတော်မူ၏။-
45. ရောက်တော်မူလျှင်ဂါလိလဲပြည်သားတို့ သည်ကိုယ်တော်အားကြိုဆိုလက်ခံကြ၏။ အဘယ်ကြောင့်ဆိုသော်ယေရုရှလင်မြို့ တွင်ကျင်းပခဲ့သည့်ပသခါပွဲတော်သို့ သူ တို့ကိုယ်တိုင်ရောက်ခဲ့ကြ၍ ထိုပွဲတော်အတွင်း ၌ကိုယ်တော်ပြုတော်မူခဲ့သောအမှုအရာ အပေါင်းကိုတွေ့မြင်ခဲ့ကြသောကြောင့်တည်း။
46. ထိုနောက်ကိုယ်တော်သည်ရေကိုစပျစ်ရည်ဖြစ် စေတော်မူခဲ့ရာ ဂါလိလဲပြည်ကာနမြို့သို့ တစ်ဖန်ကြွတော်မူ၏။ ထိုမြို့၌အစိုးရအရာ ရှိတစ်ဦးရှိ၏။ သူ၏သားသည်ကပေရနောင် မြို့တွင်ဖျားနာလျက်နေ၏။-
47. ထိုအရာရှိသည်ယုဒပြည်မှဂါလိလဲ ပြည်သို့သခင်ယေရှုကြွလာတော်မူကြောင်း ကိုကြားသဖြင့် အထံတော်သို့သွား၍သေ ခါနီးဖြစ်သော မိမိသား၏အနာရောဂါ ကိုပျောက်ကင်းစေတော်မူပါမည့်အကြောင်း လျှောက်ထား၏။-
48. သခင်ယေရှုက ``သင်တို့သည်အံ့သြဖွယ်ရာ နိမိတ်လက္ခဏာများကိုမတွေ့မမြင်ရလျှင် ယုံကြည်ကြမည်မဟုတ်'' ဟုမိန့်တော်မူ၏။
49. အရာရှိက ``အရှင်၊ အကျွန်ုပ်၏သားမသေမီ ကြွတော်မူပါ'' ဟုလျှောက်၏။
50. သခင်ယေရှုက ``သွားလော့။ သင့်သားသည် အသက်ရှင်လိမ့်မည်'' ဟုမိန့်တော်မူ၏။ထိုသူသည်သခင်ယေရှုမိန့်တော်မူသည့် စကားကိုယုံကြည်လျက်ထွက်သွား၏။-
51. သူသည်လမ်းခရီးမှာရှိနေသေးစဉ်သူ၏ အစေခံများရောက်လာ၍ ``အရှင်၏သားငယ် သည်သက်သာလာပါပြီ'' ဟုပြောကြားကြ၏။
52. ထိုသူက ``အဘယ်အချိန်၌သားငယ်ရောဂါ သက်သာသွားပါသနည်း'' ဟုမေးသောအခါ အစေခံများက ``ယမန်နေ့မွန်းလွဲတစ်နာရီ ခန့်တွင်အဖျားပျောက်ပါ၏'' ဟုဖြေကြား ကြ၏။-
53. ထိုအခါဖခင်ဖြစ်သူသည်ထိုအချိန်ကား `သင့်သားသည်အသက်ရှင်လိမ့်မည်' ဟုသခင် ယေရှုမိန့်တော်မူသောအချိန်ပင်ဖြစ်ကြောင်း ကိုသတိရလေသည်။ သို့ဖြစ်၍သူနှင့်တကွ အိမ်သူအိမ်သားအပေါင်းတို့သည်ကိုယ်တော် အားယုံကြည်လာကြ၏။
54. ဤကားယုဒပြည်မှဂါလိလဲပြည်သို့သခင် ယေရှုကြွတော်မူပြီးနောက် ဒုတိယအကြိမ် ပြတော်မူသောအံ့ဖွယ်နိမိတ်လက္ခဏာဖြစ် သတည်း။