39. ရှမာရိအမျိုးသမီးက ``ဤသူသည်ကျွန်မ ပြုခဲ့သမျှသောအမှုအရာများကိုပြော ပြပါ၏။'' ဟုဆိုသဖြင့်ထိုမြို့ရှိရှမာရိ အမျိုးသားအမြောက်အမြားပင်သခင်ယေရှု အားယုံကြည်လာကြ၏။-
40. သို့ဖြစ်၍သူတို့သည်ကိုယ်တော်၏ထံတော် သို့ရောက်ကြသောအခါ မိမိတို့ထံတွင် တည်းခိုတော်မူပါဟုလျှောက်ထားတောင်းပန် ကြ၏။ သခင်ယေရှုသည်ထိုအရပ်တွင်နှစ် ရက်မျှနေတော်မူ၏။
41. ကိုယ်တော်၏တရားတော်ကိုကြားနာကြရ သဖြင့် ကိုယ်တော်အားယုံကြည်လာကြသူ အမြောက်အမြားလည်းရှိ၏။-
42. ထိုသူတို့ကရှမာရိအမျိုးသမီးအား ``ယခု ငါတို့သည်ကိုယ်တော်အားယုံကြည်လာကြ သည်မှာ သင့်စကားကြောင့်မဟုတ်။ ကိုယ်တော် ၏တရားတော်ကိုငါတို့ကိုယ်တိုင်ကြားနာ ကြရသောကြောင့်ဖြစ်၏။ ဤအရှင်ကား လောက၏ကယ်တင်ရှင်အစစ်အမှန်ပင် ဖြစ်တော်မူကြောင်းကိုငါတို့သိကြပြီ'' ဟုဆိုကြ၏။
43-44. ``ပရောဖက်သည်မိမိနေရင်းပြည်ရွာ၌ ဂုဏ်အသရေမရှိ'' ဟုသခင်ယေရှုကိုယ် တော်တိုင်မိန့်တော်မူခဲ့ဖူးသည့်အတိုင်း နှစ် ရက်မျှကြာသော်ထိုအရပ်မှထွက်ခွာ၍ ဂါလိလဲပြည်သို့ကြွတော်မူ၏။-
45. ရောက်တော်မူလျှင်ဂါလိလဲပြည်သားတို့ သည်ကိုယ်တော်အားကြိုဆိုလက်ခံကြ၏။ အဘယ်ကြောင့်ဆိုသော်ယေရုရှလင်မြို့ တွင်ကျင်းပခဲ့သည့်ပသခါပွဲတော်သို့ သူ တို့ကိုယ်တိုင်ရောက်ခဲ့ကြ၍ ထိုပွဲတော်အတွင်း ၌ကိုယ်တော်ပြုတော်မူခဲ့သောအမှုအရာ အပေါင်းကိုတွေ့မြင်ခဲ့ကြသောကြောင့်တည်း။
46. ထိုနောက်ကိုယ်တော်သည်ရေကိုစပျစ်ရည်ဖြစ် စေတော်မူခဲ့ရာ ဂါလိလဲပြည်ကာနမြို့သို့ တစ်ဖန်ကြွတော်မူ၏။ ထိုမြို့၌အစိုးရအရာ ရှိတစ်ဦးရှိ၏။ သူ၏သားသည်ကပေရနောင် မြို့တွင်ဖျားနာလျက်နေ၏။-