36. ရိတ်သူသည်အခကိုခံယူ၍ထာဝရအသက် ဆိုင်ရာသီးနှံများကိုရိတ်သိမ်း၏။ သို့ဖြစ်၍ စိုက်သူနှင့်ရိတ်သူတို့သည် အတူတကွရွှင်လန်း ဝမ်းမြောက်ကြလိမ့်မည်။-
37. `တစ်ဦးကားစိုက်၍နောက်တစ်ဦးကားရိတ်ရ၏' ဟူသောဆိုရိုးစကားသည်မှန်ကန်လျက်နေ သတည်း။-
38. သင်တို့မစိုက်မပျိုးသည့်လယ်မှအသီး အနှံများကိုရိတ်သိမ်းရန်သင်တို့အားငါ စေလွှတ်၏။ အခြားသောသူတို့ကစိုက်ပျိုး လုပ်ဆောင်ကြ၍ သင်တို့ကအကျိုးကိုခံစား ကြရ၏'' ဟုမိန့်တော်မူ၏။
39. ရှမာရိအမျိုးသမီးက ``ဤသူသည်ကျွန်မ ပြုခဲ့သမျှသောအမှုအရာများကိုပြော ပြပါ၏။'' ဟုဆိုသဖြင့်ထိုမြို့ရှိရှမာရိ အမျိုးသားအမြောက်အမြားပင်သခင်ယေရှု အားယုံကြည်လာကြ၏။-
40. သို့ဖြစ်၍သူတို့သည်ကိုယ်တော်၏ထံတော် သို့ရောက်ကြသောအခါ မိမိတို့ထံတွင် တည်းခိုတော်မူပါဟုလျှောက်ထားတောင်းပန် ကြ၏။ သခင်ယေရှုသည်ထိုအရပ်တွင်နှစ် ရက်မျှနေတော်မူ၏။
41. ကိုယ်တော်၏တရားတော်ကိုကြားနာကြရ သဖြင့် ကိုယ်တော်အားယုံကြည်လာကြသူ အမြောက်အမြားလည်းရှိ၏။-
42. ထိုသူတို့ကရှမာရိအမျိုးသမီးအား ``ယခု ငါတို့သည်ကိုယ်တော်အားယုံကြည်လာကြ သည်မှာ သင့်စကားကြောင့်မဟုတ်။ ကိုယ်တော် ၏တရားတော်ကိုငါတို့ကိုယ်တိုင်ကြားနာ ကြရသောကြောင့်ဖြစ်၏။ ဤအရှင်ကား လောက၏ကယ်တင်ရှင်အစစ်အမှန်ပင် ဖြစ်တော်မူကြောင်းကိုငါတို့သိကြပြီ'' ဟုဆိုကြ၏။
43-44. ``ပရောဖက်သည်မိမိနေရင်းပြည်ရွာ၌ ဂုဏ်အသရေမရှိ'' ဟုသခင်ယေရှုကိုယ် တော်တိုင်မိန့်တော်မူခဲ့ဖူးသည့်အတိုင်း နှစ် ရက်မျှကြာသော်ထိုအရပ်မှထွက်ခွာ၍ ဂါလိလဲပြည်သို့ကြွတော်မူ၏။-