28. အမျိုးသမီးသည်ရေအိုးကိုထားခဲ့၍မြို့ ထဲသို့သွားပြီးလျှင်၊-
29. ``ကျွန်မပြုခဲ့သမျှသောအမှုအရာများ အကြောင်းကိုပြောပြသူကိုလာ၍ကြည့်ကြ ပါ။ သူသည်ခရစ်တော်ပင်ဖြစ်လိမ့်မည်လော'' ဟုလူတို့အားဆို၏။-
30. သို့ဖြစ်၍လူတို့သည်မြို့ထဲမှထွက်၍ ကိုယ်တော်၏ထံသို့လာကြ၏။
31. ဤအတောအတွင်း၌တပည့်တော်တို့က ``အရှင် ဘုရား၊ အစားအစာသုံးဆောင်တော်မူပါ'' ဟု လျှောက်ထားတောင်းပန်ကြ၏။
32. ကိုယ်တော်က ``သင်တို့မသိကြသည့်အစား အစာကိုငါသုံးဆောင်ပြီးပြီ'' ဟုမိန့်တော် မူ၏။-
33. ထို့ကြောင့်တပည့်တော်တို့သည် ``ကိုယ်တော်အား အစားအစာဆက်ကပ်သူတစ်စုံတစ်ယောက်ရှိ လေပြီလော'' ဟုအချင်းချင်းမေးမြန်းကြ၏။