26. သခင်ယေရှုက ``ထိုအရှင်ကားသင်နှင့်ယခု စကားပြောနေသူငါပင်ဖြစ်၏'' ဟုမိန့်တော် မူ၏။
27. ထိုအချိန်၌တပည့်တော်တို့ပြန်ရောက်လာ ကြ၏။ သူတို့သည်အမျိုးသမီးနှင့်ကိုယ်တော် စကားပြောလျက်နေသည်ကိုတွေ့ရသဖြင့် အံ့သြကြ၏။ သို့ရာတွင်အမျိုးသမီးအား ``အဘယ်အရာကိုအလိုရှိပါသနည်း'' ဟူ၍လည်းကောင်း၊ ကိုယ်တော်အား ``အဘယ် ကြောင့်ထိုအမျိုးသမီးနှင့်စကားပြော လျက်နေတော်မူပါသနည်း'' ဟူ၍လည်း ကောင်းအဘယ်သူမှမမေးလျှောက်ကြ။
28. အမျိုးသမီးသည်ရေအိုးကိုထားခဲ့၍မြို့ ထဲသို့သွားပြီးလျှင်၊-
29. ``ကျွန်မပြုခဲ့သမျှသောအမှုအရာများ အကြောင်းကိုပြောပြသူကိုလာ၍ကြည့်ကြ ပါ။ သူသည်ခရစ်တော်ပင်ဖြစ်လိမ့်မည်လော'' ဟုလူတို့အားဆို၏။-
30. သို့ဖြစ်၍လူတို့သည်မြို့ထဲမှထွက်၍ ကိုယ်တော်၏ထံသို့လာကြ၏။
31. ဤအတောအတွင်း၌တပည့်တော်တို့က ``အရှင် ဘုရား၊ အစားအစာသုံးဆောင်တော်မူပါ'' ဟု လျှောက်ထားတောင်းပန်ကြ၏။
32. ကိုယ်တော်က ``သင်တို့မသိကြသည့်အစား အစာကိုငါသုံးဆောင်ပြီးပြီ'' ဟုမိန့်တော် မူ၏။-