1. သခင်ယေရှုသည်ယောဟန်ထက်ပို၍များ သောတပည့်များကို ဗတ္တိဇံမင်္ဂလာပေးလျက် နေသည်ကိုဖာရိရှဲတို့ကြားသိကြ၏။-
2. (အမှန်မှာသခင်ယေရှုကိုယ်တော်တိုင်ဗတ္တိဇံ မင်္ဂလာကိုပေးတော်မမူ။ တပည့်တော်တို့သာ လျှင်ပေးခြင်းဖြစ်၏။)-
3. ယင်းသို့ဖာရိရှဲတို့ကြားသိကြကြောင်းကို သခင်ယေရှုသိတော်မူလျှင် ယုဒပြည်မှ ထွက်ခွာတော်မူ၍ဂါလိလဲပြည်သို့ကြွ တော်မူ၏။-
4. လမ်းတွင်ရှမာရိပြည်ကိုဖြတ်၍သွားရ၏။
5. ရှုခါနာမည်ရှိသောမြို့သို့ရောက်တော်မူ၏။ ထိုမြို့သည်ယာကုပ်ကသားယောသပ်အား ပေးသည့်မြေယာအနီးတွင်တည်ရှိ၏။-
6. ထိုအရပ်တွင်ယာကုပ်၏ရေတွင်းရှိ၏။ သခင် ယေရှုသည်ခရီးပန်းတော်မူသဖြင့်ရေတွင်း အနီးတွင်ထိုင်တော်မူ၏။ ထိုအချိန်ကားမွန်း တည့်အချိန်ခန့်ဖြစ်သတည်း။
7. ရှမာရိအမျိုးသမီးတစ်ဦးသည်ရေခပ်ရန် ရောက်ရှိလာ၏။ သခင်ယေရှုက ``ငါ့အား သောက်ရေတစ်ခွက်ပေးပါ'' ဟုထိုအမျိုး သမီးအားမိန့်တော်မူ၏။-
8. (တပည့်တော်တို့သည်အစားအစာဝယ်ရန် မြို့ထဲသို့သွားနေခိုက်ဖြစ်၏။)
9. ရှမာရိအမျိုးသမီးက ``သင်သည်ယုဒ အမျိုးသားတစ်ယောက်ဖြစ်ပါလျက် ရှမာရိ အမျိုးသမီးဖြစ်သူကျွန်မထံမှသောက်ရေ ကိုအဘယ်ကြောင့်တောင်းပါသနည်း'' ဟုမေး၏။ (ဤသို့မေးရသည့်အကြောင်းမှာယုဒအမျိုး သားများသည် ရှမာရိအမျိုးသားတို့၏ခွက် ယောက်များကိုအသုံးပြုလေ့မရှိကြသော ကြောင့်ဖြစ်၏။)
10. သခင်ယေရှုက ``ဘုရားသခင်ပေးသနား တော်မူသောဆုကျေးဇူးတော်ကိုလည်းကောင်း၊ သင့်အားသောက်ရေတစ်ခွက်တောင်းနေသူသည် အဘယ်သူဖြစ်သည်ကိုလည်းကောင်းသင်သည် သိပါလျှင် ထိုသူ၏ထံမှအသက်ရေကို တောင်းလိမ့်မည်။ ထိုသူသည်လည်းသင့်အား ထိုရေကိုပေးလိမ့်မည်'' ဟုမိန့်တော်မူ၏။
11. ထိုအမျိုးသမီးက ``အရှင်၊ ရေတွင်းသည် နက်ပါ၏။ အရှင့်မှာခပ်စရာရေပုံးမရှိ ပါ။ အဘယ်မှာလျှင်အသက်ရေကိုရပါ မည်နည်း။-
12. အဖယာကုပ်သည်သူကိုယ်တိုင်မှစ၍သား များ၊ သိုးများ၊ နွားများသည်ဤရေတွင်းရေ ကိုသောက်ခဲ့ကြပါ၏။ အရှင်သည်အဖ ယာကုပ်ထက်ပင်ကြီးမြတ်ပါသလော'' ဟု ဆို၏။