22. သခင်ယေရှုက ``ငါကြွလာသည်တိုင်အောင် သူ့အားအသက်ရှင်စေရန်ငါအလိုရှိလျှင် သင်နှင့်မည်သို့မျှမသက်ဆိုင်။ သင်မူကား ငါ့နောက်သို့လိုက်လော့'' ဟုမိန့်တော်မူ၏။
23. သို့ဖြစ်၍ထိုတပည့်တော်သည်သေရတော့ မည်မဟုတ်ဟူသောသတင်းသည်တပည့် တော်တို့အထဲတွင်ပျံ့နှံ့သွား၏။ သို့ရာ တွင်သခင်ယေရှုကထိုတပည့်တော်သည် မသေရဟုမိန့်တော်မူသည်မဟုတ်။ ``ငါ ကြွလာသည်အထိသူ့အားအသက်ရှင် စေရန်ငါအလိုရှိလျှင်သင်နှင့်မည်သို့မျှ မသက်ဆိုင်'' ဟူ၍သာမိန့်တော်မူသတည်း။
24. ဤအကြောင်းအရာတို့ကိုဖော်ပြသက်သေ ခံမှတ်တမ်းတင်သူကားထိုတပည့်တော်ပင် ဖြစ်၏။ သူ၏ဖော်ပြချက်များမှန်ကန်ကြောင်း ကိုလည်းငါတို့သိကြ၏။
25. သခင်ယေရှုပြုတော်မူသောအခြားအမှု အရာများစွာရှိသေး၏။ ထိုအမှုအရာရှိ သမျှတို့ကိုမှတ်တမ်းတင်ရမည်ဆိုပါက ပြုစုရမည့်ကျမ်းဂန်များကိုထားရှိရန် ဤ လောကတွင်နေရာရှိမည်မဟုတ်ဟုထင် မြင်ပါသတည်း။ ရှင်ယောဟန်ခရစ်ဝင်ပြီး၏။