1. ထိုနောက်သခင်ယေရှုသည်တိဗေရိအိုင်အနီး တွင်တပည့်တော်တို့အားတစ်ဖန်ကိုယ်ထင်ပြ တော်မူ၏။ ပြတော်မူပုံကားဤသို့တည်း။-
2. ရှိမုန်ပေတရု၊ (အမြွှာပူးဟုနာမည်တွင်သူ) သောမ၊ (ဂါလိလဲပြည်ကာနမြို့သား) နာသ နေလ၊ ဇေဗေဒဲ၏သားများနှင့်အခြားတပည့် တော်နှစ်ဦးတို့သည်အတူရှိနေကြ၏။-
3. ရှိမုန်ပေတရုကအခြားသူတို့အား ``ငါ ငါးဖမ်းထွက်မည်'' ဟုဆို၏။ထိုသူတို့က ``ငါတို့လည်းလိုက်မည်'' ဟုဆို ကြ၏။ သို့ဖြစ်၍သူတို့သည်လှေဖြင့်ငါးဖမ်း ထွက်ကြ၏။ သို့သော်ထိုညတစ်ညလုံးငါး တစ်ကောင်ကိုမျှမမိကြ။-
4. နေထွက်လာသောအခါသခင်ယေရှုသည် ကမ်းစပ်တွင်ရပ်လျက်နေတော်မူ၏။ သို့ရာ တွင်တပည့်တော်တို့သည်သခင်ယေရှုဖြစ် မှန်းကိုမသိကြ။-
5. ကိုယ်တော်က ``အမောင်တို့၊ ငါးမိကြပါ၏ လော'' ဟုမေးတော်မူ၏။သူတို့က ``မမိပါ'' ဟုလျှောက်ထားကြ၏။
6. ကိုယ်တော်က ``သင်တို့လှေ၏လက်ယာဘက်သို့ ကွန်ကိုပစ်လော့၊ ငါးမိလိမ့်မည်'' ဟုမိန့်တော်မူ ၏။ မိန့်တော်မူသည့်အတိုင်းသူတို့သည်ကွန်ကို ပစ်ကြရာမိသည့်ငါးများလှသဖြင့်ကွန်ကို မဆွဲတင်နိုင်ကြချေ။
7. ထိုအခါသခင်ယေရှုချစ်တော်မူသောတပည့် တော်က ``ငါတို့၏သခင်ဘုရားပင်တည်း'' ဟု ပေတရုအားပြော၏။ ဤစကားကိုကြားသော အခါပေတရုသည်မိမိချွတ်ထားသည့်အဝတ် ကိုခါးတွင်ပတ်၍အိုင်ထဲသို့ခုန်ဆင်းလေ၏။-