6. သူ၏နောက်ကလိုက်လာသူရှိမုန်ပေတရု သည်လည်းရောက်လာပြီးနောက်ဂူထဲသို့ဝင် ရာပိတ်များကျန်ရစ်ခဲ့သည်ကိုလည်းကောင်း၊-
7. ကိုယ်တော်၏ဦးခေါင်းတော်မှပဝါသည်ထိုပိတ် များနှင့်အတူမရှိဘဲတစ်နေရာတွင်သီးသန့် လိပ်လျက်ရှိသည်ကိုလည်းကောင်းမြင်လေ၏။-
8. ထိုနောက်သင်္ချိုင်းတော်သို့ဦးစွာရောက်ရှိသည့် အခြားတပည့်တော်သည်လည်းဂူထဲသို့ဝင် လျှင်ထိုအခြင်းအရာကိုတွေ့မြင်ရသဖြင့် ယုံကြည်လေ၏။-
9. (ကိုယ်တော်သည်သေခြင်းမှရှင်ပြန်ထမြောက် ရမည်ဟူသောကျမ်းစကားကိုထိုသူတို့နား မလည်ကြသေးချေ။)-
10. ထိုနောက်တပည့်တော်နှစ်ဦးတို့သည်ပြန်ကြ၏။
11. မာရိသည်သင်္ချိုင်းတော်အနီးတွင်ငိုကြွေးလျက် ရပ်နေ၏။ သူသည်ငိုကြွေးနေစဉ်ငုံ့၍ဂူထဲသို့ ကြည့်လိုက်ရာ၊-
12. သခင်ယေရှုအလောင်းတော်၏နေရာခေါင်းရင်း တွင်ကောင်းကင်တမန်တစ်ပါး၊ ခြေရင်းတွင် တစ်ပါး၊ ကောင်းကင်တမန်နှစ်ပါးဝတ်ဖြူစင် ကြယ်နှင့်ထိုင်နေသည်ကိုမြင်ရ၏။-
13. ကောင်းကင်တမန်များက ``အချင်းအမျိုး သမီး၊ အဘယ်ကြောင့်ငိုကြွေးသနည်း'' ဟုမေး၏။မာရိက ``ကျွန်မ၏အရှင်ကိုသူတို့ယူဆောင် သွားလေပြီ။ ကိုယ်တော်အားအဘယ်အရပ်မှာ ထားကြသည်ကိုကျွန်မမသိပါ'' ဟုဆို၏။
14. ဤသို့ဆိုပြီးလျှင်နောက်သို့လှည့်၍ကြည့်ရာ သခင်ယေရှုရပ်လျက်နေတော်မူသည်ကိုမြင် သော်လည်းသခင်ယေရှုဖြစ်သည်ကိုမသိ။-
15. သခင်ယေရှုက ``အချင်းအမျိုးသမီး၊ အဘယ်ကြောင့်ငိုကြွေးသနည်း။ သင်မည် သူ့ကိုရှာသနည်း'' ဟုမေးတော်မူ၏။ထိုအခါမာရိသည်ကိုယ်တော်ကိုဥယျာဉ်စောင့် ဟုထင်မှတ်ကာ ``ဆရာ၊ ကိုယ်တော်၏အလောင်း တော်ကိုရှင်ယူဆောင်သွားခဲ့ပါလျှင်အဘယ် အရပ်တွင်ထားသည်ကိုကျွန်မအားပြောပြပါ။ ကျွန်မသွား၍ယူပါမည်'' ဟုဆို၏။
16. သခင်ယေရှုက ``မာရိ'' ဟုခေါ်တော်မူ၏။ထိုအခါမာရိသည်လှည့်၍ ဟေဗြဲဘာသာ ဖြင့် ``ရဗ္ဗုနိ'' ဟုထူး၏။ (ရဗ္ဗုနိအနက်ကား အရှင်ဘုရားဟုဆိုလိုသတည်း။)
17. သခင်ယေရှုက ``ငါ့ကိုကိုင်ဆွဲ၍မထားနှင့်။ ငါသည်ခမည်းတော်၏ထံသို့မတက်ရသေး။ သို့သော်ငါ၏ညီများထံသို့သွား၍ငါ့အဖ တည်းဟူသောသင်တို့၏ဘုရားသခင်ထံတော် သို့ငါတက်သွားရမည့်အကြောင်းကိုပြောကြား လော့'' ဟုမိန့်တော်မူ၏။
18. သို့ဖြစ်၍မာဂဒလမြို့သူမာရိသည်တပည့် တော်တို့ထံသွား၍သခင်ဘုရားကိုမိမိတွေ့ မြင်ခဲ့ကြောင်းနှင့်ကိုယ်တော်မည်သို့မိန့်ကြား တော်မူလိုက်ကြောင်းကိုပြောပြ၏။
19. တပည့်တော်တို့သည်ယုဒအာဏာပိုင်တို့ကို ကြောက်သဖြင့်တနင်္ဂနွေနေ့ညဦးအချိန်၌ အိမ်တံခါးပိတ်၍စုဝေးနေကြ၏။ ထိုအခါ သခင်ယေရှုသည်ကြွလာတော်မူ၍ထိုသူတို့ အလယ်မှာရပ်တော်မူလျက် ``သင်တို့၌ငြိမ် သက်ခြင်းရှိစေသတည်း'' ဟုမိန့်တော်မူ၏။-