ရှင်ယောဟန် 20:4-15 Common Language Bible (BCL)

4. ထို​သူ​နှစ်​ဦး​သည်​အ​တူ​ပြေး​ကြ​သော်​လည်း အ​ခြား​တ​ပည့်​တော်​က​ပေ​တ​ရု​ထက်​လျင် မြန်​စွာ​ပြေး​၍​သင်္ချိုင်း​တော်​သို့​ဦး​စွာ​ရောက် လေ​သည်။-

5. သူ​သည်​ငုံ့​၍​ကြည့်​လိုက်​ရာ​ဂူ​ထဲ​တွင်​ပိတ် များ​ကျန်​ရစ်​သည်​ကို​မြင်​ရ​၏။ သို့​သော်​သူ သည်​ဂူ​ထဲ​သို့​မ​ဝင်​ဘဲ​နေ​၏။-

6. သူ​၏​နောက်​က​လိုက်​လာ​သူ​ရှိ​မုန်​ပေ​တ​ရု သည်​လည်း​ရောက်​လာ​ပြီး​နောက်​ဂူ​ထဲ​သို့​ဝင် ရာ​ပိတ်​များ​ကျန်​ရစ်​ခဲ့​သည်​ကို​လည်း​ကောင်း၊-

7. ကိုယ်​တော်​၏​ဦး​ခေါင်း​တော်​မှ​ပ​ဝါ​သည်​ထို​ပိတ် များ​နှင့်​အ​တူ​မ​ရှိ​ဘဲ​တစ်​နေ​ရာ​တွင်​သီး​သန့် လိပ်​လျက်​ရှိ​သည်​ကို​လည်း​ကောင်း​မြင်​လေ​၏။-

8. ထို​နောက်​သင်္ချိုင်း​တော်​သို့​ဦး​စွာ​ရောက်​ရှိ​သည့် အ​ခြား​တ​ပည့်​တော်​သည်​လည်း​ဂူ​ထဲ​သို့​ဝင် လျှင်​ထို​အ​ခြင်း​အ​ရာ​ကို​တွေ့​မြင်​ရ​သ​ဖြင့် ယုံ​ကြည်​လေ​၏။-

9. (ကိုယ်​တော်​သည်​သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက် ရ​မည်​ဟူ​သော​ကျမ်း​စ​ကား​ကို​ထို​သူ​တို့​နား မ​လည်​ကြ​သေး​ချေ။)-

10. ထို​နောက်​တ​ပည့်​တော်​နှစ်​ဦး​တို့​သည်​ပြန်​ကြ​၏။

11. မာ​ရိ​သည်​သင်္ချိုင်း​တော်​အ​နီး​တွင်​ငို​ကြွေး​လျက် ရပ်​နေ​၏။ သူ​သည်​ငို​ကြွေး​နေ​စဉ်​ငုံ့​၍​ဂူ​ထဲ​သို့ ကြည့်​လိုက်​ရာ၊-

12. သခင်​ယေ​ရှု​အ​လောင်း​တော်​၏​နေ​ရာ​ခေါင်း​ရင်း တွင်​ကောင်း​ကင်​တ​မန်​တစ်​ပါး၊ ခြေ​ရင်း​တွင် တစ်​ပါး၊ ကောင်း​ကင်​တ​မန်​နှစ်​ပါး​ဝတ်​ဖြူ​စင် ကြယ်​နှင့်​ထိုင်​နေ​သည်​ကို​မြင်​ရ​၏။-

13. ကောင်း​ကင်​တ​မန်​များ​က ``အ​ချင်း​အ​မျိုး သ​မီး၊ အ​ဘယ်​ကြောင့်​ငို​ကြွေး​သနည်း'' ဟု​မေး​၏။မာ​ရိ​က ``ကျွန်​မ​၏​အ​ရှင်​ကို​သူ​တို့​ယူ​ဆောင် သွား​လေ​ပြီ။ ကိုယ်​တော်​အား​အ​ဘယ်​အ​ရပ်​မှာ ထား​ကြ​သည်​ကို​ကျွန်​မ​မ​သိ​ပါ'' ဟု​ဆို​၏။

14. ဤ​သို့​ဆို​ပြီး​လျှင်​နောက်​သို့​လှည့်​၍​ကြည့်​ရာ သခင်​ယေ​ရှု​ရပ်​လျက်​နေ​တော်​မူ​သည်​ကို​မြင် သော်​လည်း​သ​ခင်​ယေ​ရှု​ဖြစ်​သည်​ကို​မ​သိ။-

15. သ​ခင်​ယေ​ရှု​က ``အ​ချင်း​အ​မျိုး​သ​မီး၊ အ​ဘယ်​ကြောင့်​ငို​ကြွေး​သ​နည်း။ သင်​မည် သူ့​ကို​ရှာ​သ​နည်း'' ဟု​မေး​တော်​မူ​၏။ထို​အ​ခါ​မာ​ရိ​သည်​ကိုယ်​တော်​ကို​ဥ​ယျာဉ်​စောင့် ဟု​ထင်​မှတ်​ကာ ``ဆ​ရာ၊ ကိုယ်​တော်​၏​အ​လောင်း တော်​ကို​ရှင်​ယူ​ဆောင်​သွား​ခဲ့​ပါ​လျှင်​အ​ဘယ် အ​ရပ်​တွင်​ထား​သည်​ကို​ကျွန်​မ​အား​ပြော​ပြ​ပါ။ ကျွန်​မ​သွား​၍​ယူ​ပါ​မည်'' ဟု​ဆို​၏။

ရှင်ယောဟန် 20