28. သောမက ``အကျွန်ုပ်၏အရှင်၊ အကျွန်ုပ်၏ ဘုရားပါတကား'' ဟုပြန်၍လျှောက်၏။
29. သခင်ယေရှုက ``သင်သည်ငါ့ကိုမြင်ရ၍ ယုံကြည်သလော။ ငါ့ကိုမမြင်ရဘဲယုံကြည် သူတို့သည်မင်္ဂလာရှိကြ၏'' ဟုမိန့်တော်မူ၏။
30. ဤကျမ်းတွင်ရေးမထားသောအခြားများစွာ သောအံ့သြဖွယ်နိမိတ်လက္ခဏာများကိုလည်း သခင်ယေရှုသည်တပည့်တော်တို့ရှေ့မှောက်တွင် ပြတော်မူ၏။-