24. သခင်ယေရှုကြွလာတော်မူချိန်၌ (အမြွှာပူး ဟုနာမည်တွင်သည့်) သောမကားတပည့်တော် တို့နှင့်အတူမရှိ။-
25. သို့ဖြစ်၍အခြားတပည့်တော်များက ``သခင် ဘုရားကိုငါတို့တွေ့မြင်ကြရပြီ'' ဟုသောမ အားပြောဆိုကြ၏။သောမက ``လက်တော်၌သံရိုက်ရာကိုမမြင်၊ သံရိုက်ရာကိုလက်ညှိုးဖြင့်မတို့မစမ်း၊ နံဘေး တော်ကိုလက်ဖြင့်မစမ်းမသပ်ရလျှင်ငါယုံ မည်မဟုတ်'' ဟုဆို၏။
26. ထိုနောက်ရက်သတ္တတစ်ပတ်ကြာသော်တပည့် တော်တို့သည် အိမ်အတွင်းမှာစုဝေးလျက်ရှိ ကြ၏။ သောမလည်းသူတို့နှင့်အတူရှိ၏။ တံခါးများပိတ်ထားလျက်ရှိ၏။ သို့ရာတွင် သခင်ယေရှုသည်ကြွလာတော်မူ၍သူတို့ ၏အလယ်တွင်ရပ်တော်မူပြီးလျှင် ``သင်တို့ ၌ငြိမ်သက်ခြင်းရှိစေသတည်း'' ဟုမိန့်တော် မူ၏။-
27. ထိုနောက်သောမအား ``သင်၏လက်ညှိုးဖြင့်ဤ နေရာကိုတို့ကြည့်လော့။ ငါ၏လက်များကို ကြည့်လော့။ သင့်လက်ကိုဆန့်၍ငါ၏နံဘေး ကိုစမ်းသပ်လော့။ ယုံမှားသံသယမဖြစ်နှင့်။ ယုံလော့'' ဟုမိန့်တော်မူ၏။
28. သောမက ``အကျွန်ုပ်၏အရှင်၊ အကျွန်ုပ်၏ ဘုရားပါတကား'' ဟုပြန်၍လျှောက်၏။
29. သခင်ယေရှုက ``သင်သည်ငါ့ကိုမြင်ရ၍ ယုံကြည်သလော။ ငါ့ကိုမမြင်ရဘဲယုံကြည် သူတို့သည်မင်္ဂလာရှိကြ၏'' ဟုမိန့်တော်မူ၏။
30. ဤကျမ်းတွင်ရေးမထားသောအခြားများစွာ သောအံ့သြဖွယ်နိမိတ်လက္ခဏာများကိုလည်း သခင်ယေရှုသည်တပည့်တော်တို့ရှေ့မှောက်တွင် ပြတော်မူ၏။-