18. သို့ဖြစ်၍မာဂဒလမြို့သူမာရိသည်တပည့် တော်တို့ထံသွား၍သခင်ဘုရားကိုမိမိတွေ့ မြင်ခဲ့ကြောင်းနှင့်ကိုယ်တော်မည်သို့မိန့်ကြား တော်မူလိုက်ကြောင်းကိုပြောပြ၏။
19. တပည့်တော်တို့သည်ယုဒအာဏာပိုင်တို့ကို ကြောက်သဖြင့်တနင်္ဂနွေနေ့ညဦးအချိန်၌ အိမ်တံခါးပိတ်၍စုဝေးနေကြ၏။ ထိုအခါ သခင်ယေရှုသည်ကြွလာတော်မူ၍ထိုသူတို့ အလယ်မှာရပ်တော်မူလျက် ``သင်တို့၌ငြိမ် သက်ခြင်းရှိစေသတည်း'' ဟုမိန့်တော်မူ၏။-
20. သို့မိန့်တော်မူပြီးနောက်ကိုယ်တော်၏လက်တော် များနှင့်နံတော်ကိုတပည့်တော်တို့အားပြ တော်မူ၏။ တပည့်တော်တို့သည်သခင်ဘုရား ကိုတွေ့မြင်ရသောအခါဝမ်းမြောက်ကြ၏။-
21. ထိုနောက်တစ်ဖန်သခင်ယေရှုက ``သင်တို့၌ ငြိမ်သက်ခြင်းရှိစေသတည်း။ ခမည်းတော်သည် ငါ့ကိုစေလွှတ်တော်မူသည်နည်းတူသင်တို့ကို ငါစေလွှတ်၏'' ဟုမိန့်တော်မူ၏။-
22. ဤသို့မိန့်တော်မူပြီးလျှင်ကိုယ်တော်သည် တပည့်တော်တို့အပေါ်သို့မှုတ်တော်မူလျက် ``သန့်ရှင်းသောဝိညာဉ်တော်ကိုခံယူကြ လော့။-