ရှင်ယောဟန် 20:12-24 Common Language Bible (BCL)

12. သခင်​ယေ​ရှု​အ​လောင်း​တော်​၏​နေ​ရာ​ခေါင်း​ရင်း တွင်​ကောင်း​ကင်​တ​မန်​တစ်​ပါး၊ ခြေ​ရင်း​တွင် တစ်​ပါး၊ ကောင်း​ကင်​တ​မန်​နှစ်​ပါး​ဝတ်​ဖြူ​စင် ကြယ်​နှင့်​ထိုင်​နေ​သည်​ကို​မြင်​ရ​၏။-

13. ကောင်း​ကင်​တ​မန်​များ​က ``အ​ချင်း​အ​မျိုး သ​မီး၊ အ​ဘယ်​ကြောင့်​ငို​ကြွေး​သနည်း'' ဟု​မေး​၏။မာ​ရိ​က ``ကျွန်​မ​၏​အ​ရှင်​ကို​သူ​တို့​ယူ​ဆောင် သွား​လေ​ပြီ။ ကိုယ်​တော်​အား​အ​ဘယ်​အ​ရပ်​မှာ ထား​ကြ​သည်​ကို​ကျွန်​မ​မ​သိ​ပါ'' ဟု​ဆို​၏။

14. ဤ​သို့​ဆို​ပြီး​လျှင်​နောက်​သို့​လှည့်​၍​ကြည့်​ရာ သခင်​ယေ​ရှု​ရပ်​လျက်​နေ​တော်​မူ​သည်​ကို​မြင် သော်​လည်း​သ​ခင်​ယေ​ရှု​ဖြစ်​သည်​ကို​မ​သိ။-

15. သ​ခင်​ယေ​ရှု​က ``အ​ချင်း​အ​မျိုး​သ​မီး၊ အ​ဘယ်​ကြောင့်​ငို​ကြွေး​သ​နည်း။ သင်​မည် သူ့​ကို​ရှာ​သ​နည်း'' ဟု​မေး​တော်​မူ​၏။ထို​အ​ခါ​မာ​ရိ​သည်​ကိုယ်​တော်​ကို​ဥ​ယျာဉ်​စောင့် ဟု​ထင်​မှတ်​ကာ ``ဆ​ရာ၊ ကိုယ်​တော်​၏​အ​လောင်း တော်​ကို​ရှင်​ယူ​ဆောင်​သွား​ခဲ့​ပါ​လျှင်​အ​ဘယ် အ​ရပ်​တွင်​ထား​သည်​ကို​ကျွန်​မ​အား​ပြော​ပြ​ပါ။ ကျွန်​မ​သွား​၍​ယူ​ပါ​မည်'' ဟု​ဆို​၏။

16. သ​ခင်​ယေ​ရှု​က ``မာ​ရိ'' ဟု​ခေါ်​တော်​မူ​၏။ထို​အ​ခါ​မာ​ရိ​သည်​လှည့်​၍ ဟေ​ဗြဲ​ဘာ​သာ ဖြင့် ``ရဗ္ဗုနိ'' ဟု​ထူး​၏။ (ရဗ္ဗုနိ​အ​နက်​ကား အ​ရှင်​ဘု​ရား​ဟု​ဆို​လို​သ​တည်း။)

17. သ​ခင်​ယေ​ရှု​က ``ငါ့​ကို​ကိုင်​ဆွဲ​၍​မ​ထား​နှင့်။ ငါ​သည်​ခ​မည်း​တော်​၏​ထံ​သို့​မ​တက်​ရ​သေး။ သို့​သော်​ငါ​၏​ညီ​များ​ထံ​သို့​သွား​၍​ငါ့​အ​ဖ တည်း​ဟူ​သော​သင်​တို့​၏​ဘု​ရား​သ​ခင်​ထံ​တော် သို့​ငါ​တက်​သွား​ရ​မည့်​အ​ကြောင်း​ကို​ပြော​ကြား လော့'' ဟု​မိန့်​တော်​မူ​၏။

18. သို့​ဖြစ်​၍​မာ​ဂ​ဒ​လ​မြို့​သူ​မာ​ရိ​သည်​တ​ပည့် တော်​တို့​ထံ​သွား​၍​သ​ခင်​ဘု​ရား​ကို​မိ​မိ​တွေ့ မြင်​ခဲ့​ကြောင်း​နှင့်​ကိုယ်​တော်​မည်​သို့​မိန့်​ကြား တော်​မူ​လိုက်​ကြောင်း​ကို​ပြော​ပြ​၏။

19. တ​ပည့်​တော်​တို့​သည်​ယု​ဒ​အာ​ဏာ​ပိုင်​တို့​ကို ကြောက်​သ​ဖြင့်​တ​နင်္ဂ​နွေ​နေ့​ည​ဦး​အ​ချိန်​၌ အိမ်​တံ​ခါး​ပိတ်​၍​စု​ဝေး​နေ​ကြ​၏။ ထို​အ​ခါ သ​ခင်​ယေ​ရှု​သည်​ကြွ​လာ​တော်​မူ​၍​ထို​သူ​တို့ အ​လယ်​မှာ​ရပ်​တော်​မူ​လျက် ``သင်​တို့​၌​ငြိမ် သက်​ခြင်း​ရှိ​စေ​သ​တည်း'' ဟု​မိန့်​တော်​မူ​၏။-

20. သို့​မိန့်​တော်​မူ​ပြီး​နောက်​ကိုယ်​တော်​၏​လက်​တော် များ​နှင့်​နံ​တော်​ကို​တ​ပည့်​တော်​တို့​အား​ပြ တော်​မူ​၏။ တ​ပည့်​တော်​တို့​သည်​သ​ခင်​ဘု​ရား ကို​တွေ့​မြင်​ရ​သော​အ​ခါ​ဝမ်း​မြောက်​ကြ​၏။-

21. ထို​နောက်​တစ်​ဖန်​သ​ခင်​ယေ​ရှု​က ``သင်​တို့​၌ ငြိမ်​သက်​ခြင်း​ရှိ​စေ​သ​တည်း။ ခ​မည်း​တော်​သည် ငါ့​ကို​စေ​လွှတ်​တော်​မူ​သည်​နည်း​တူ​သင်​တို့​ကို ငါ​စေ​လွှတ်​၏'' ဟု​မိန့်​တော်​မူ​၏။-

22. ဤ​သို့​မိန့်​တော်​မူ​ပြီး​လျှင်​ကိုယ်​တော်​သည် တ​ပည့်​တော်​တို့​အ​ပေါ်​သို့​မှုတ်​တော်​မူ​လျက် ``သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို​ခံ​ယူ​ကြ လော့။-

23. သင်​တို့​သည်​လူ​တို့​၏​အ​ပြစ်​များ​ကို​ဖြေ​လွှတ် လျှင်​သူ​တို့​သည်​အ​ပြစ်​လွတ်​ကြ​လိမ့်​မည်။ သင် တို့​မ​ဖြေ​မ​လွှတ်​လျှင်​မူ​ကား​သူ​တို့​အ​ပြစ် ပြေ​လွတ်​ကြ​လိမ့်​မည်​မ​ဟုတ်'' ဟု​မိန့်​တော် မူ​၏။

24. သ​ခင်​ယေ​ရှု​ကြွ​လာ​တော်​မူ​ချိန်​၌ (အ​မြွှာ​ပူး ဟု​နာ​မည်​တွင်​သည့်) သော​မ​ကား​တ​ပည့်​တော် တို့​နှင့်​အ​တူ​မ​ရှိ။-

ရှင်ယောဟန် 20