16. ကိုယ်တော်က ``ဤအရာများကိုယူသွား ကြ။ ငါ့အဖ၏အိမ်တော်ကိုစျေးမဖြစ်စေ နှင့်'' ဟုချိုးငှက်ရောင်းသူများအားမိန့်တော် မူ၏။-
17. ထိုအခါတပည့်တော်တို့သည် ``ကိုယ်တော် ၏အိမ်တော်အပေါ်ချစ်ခင်တွယ်တာမှုသည် အကျွန်ုပ်၏ရင်အတွင်း၌မီးသဖွယ်ကျွမ်း လောင်လျက်ရှိပါ၏'' ဟူသောကျမ်းစကား ကိုသတိရကြ၏။
18. ယုဒအာဏာပိုင်တို့က ``သင်သည်ဤအမှု အရာများကိုပြုလုပ်ပိုင်ကြောင်းသိသာ စေရန် ငါတို့အားအဘယ်နိမိတ်လက္ခဏာ ကိုပြပါမည်နည်း'' ဟုဆိုကြ၏။
19. သခင်ယေရှုက ``ဤဗိမာန်တော်ကိုဖြိုဖျက် ကြလော့။ သုံးရက်အတွင်းငါပြန်လည်တည် ဆောက်မည်'' ဟုမိန့်တော်မူ၏။
20. ယုဒအမျိုးသားတို့က ``ဤဗိမာန်တော် ကိုလေးဆယ့်ခြောက်နှစ်တိုင်တိုင်တည်ဆောက် ခဲ့ရ၏။ သင်ကသုံးရက်နှင့်ပြန်လည်တည် ဆောက်ပါမည်လော'' ဟုမေးကြ၏။
21. ကိုယ်တော်ကားမိမိ၏ကိုယ်ခန္ဓာတော်တည်းဟူ သောဗိမာန်တော်ကိုရည်စူး၍မိန့်တော်မူခြင်း ဖြစ်၏။-
22. သို့ဖြစ်၍တပည့်တော်တို့သည်ကိုယ်တော်သေ ခြင်းမှရှင်ပြန်ထမြောက်တော်မူသောအခါ ဤ သို့ကိုယ်တော်မိန့်တော်မူခဲ့သည်ကိုပြန်လည် သတိရကြလျက် ကျမ်းစာတော်ကိုလည်း ကောင်း၊ သခင်ယေရှုမိန့်တော်မူခဲ့သော စကားတော်ကိုလည်းကောင်းယုံကြ၏။
23. ယေရုရှလင်မြို့တွင်ကျင်းပသည့်ပသခါပွဲ ၌ ကိုယ်တော်ပြတော်မူသည့်အံ့ဖွယ်သောနိမိတ် လက္ခဏာများကိုတွေ့မြင်ရကြသဖြင့် လူ အမြောက်အမြားပင်ကိုယ်တော်အားယုံကြည် လာကြ၏။-
24. သို့ရာတွင်ကိုယ်တော်သည်လူခပ်သိမ်းတို့၏ အကြောင်းကိုသိတော်မူသဖြင့် ထိုသူတို့ အားယုံစားတော်မမူ။
25. ကိုယ်တော်သည်လူ၏စိတ်နှလုံးအကြံအစည် ကိုသိတော်မူသောကြောင့် ကိုယ်တော်အားလူ့ အကြောင်းကိုအဘယ်သူမျှပြောရန်မလို။