28. လူတို့သည်သခင်ယေရှုအားကယာဖထံမှ ဘုရင်ခံမင်း၏အိမ်တော်သို့ခေါ်ဆောင်သွားကြ ၏။ အချိန်ကားနံနက်စောစောဖြစ်၏။ ယုဒ အမျိုးသားတို့သည်ပသခါညစာစားနိုင်ရန် မိမိတို့ကိုယ်ကိုဘာသာရေးကျင့်ထုံးအရ သန့်စင်စေလိုသဖြင့်အိမ်တော်ထဲသို့မဝင် ကြ။-
29. သို့ဖြစ်၍ပိလတ်မင်းသည်ထိုသူတို့နှင့်တွေ့ဆုံ ရန်အပြင်သို့ထွက်လာပြီးလျှင် ``ဤသူအား အဘယ်ပြစ်မှုနှင့်စွပ်စွဲကြပါသနည်း'' ဟုမေး၏။
30. ထိုသူတို့က ``ဤသူသည်ပြစ်မှုတစ်စုံတစ်ရာ ကူးလွန်သူမဟုတ်ပါက သူ့အားအရှင့်ထံသို့ အကျွန်ုပ်တို့ခေါ်ဆောင်လာမည်မဟုတ်ပါ'' ဟု လျှောက်ကြ၏။
31. ပိလတ်မင်းကလည်း ``သင်တို့ကိုယ်တိုင်ပင်သူ့ အားယူဆောင်သွားကြလော့။ သင်တို့၏တရား ဥပဒေအရစစ်ဆေးစီရင်ကြလော့'' ဟု ဆို၏။ယုဒအမျိုးသားတို့က ``အကျွန်ုပ်တို့မှာလူ တစ်စုံတစ်ယောက်ကိုသေမိန့်ပေးပိုင်ခွင့်မရှိ ပါ'' ဟုပြန်၍လျှောက်ကြ၏။-
32. (ဤသို့လျှောက်ကြခြင်းမှာမိမိအဘယ်သို့ သေရမည်ကိုသခင်ယေရှုမိန့်မြွက်ဖော်ပြခဲ့ သည့်အတိုင်းဖြစ်ပျက်လာစေရန်ပင်ဖြစ်၏။)
33. ပိလတ်မင်းသည်အိမ်တော်ထဲသို့ပြန်၍ဝင် ပြီးလျှင်သခင်ယေရှုအားခေါ်ယူကာ ``သင် သည်ယုဒရှင်ဘုရင်ပေလော'' ဟုမေး၏။
34. သခင်ယေရှုက ``ဤမေးခွန်းကို မင်းကြီး အလိုအလျောက်မေးပါသလော။ သို့မဟုတ် ငါ၏အကြောင်းကို သူတစ်ပါးတို့လျှောက် ထားကြပြီလော'' ဟုမေးတော်မူ၏။
35. ပိလတ်မင်းက ``သင်သည်ငါ့ကိုယုဒအမျိုး သားတစ်ယောက်ဟုထင်မှတ်ပါသလော။ သင့် ကိုငါ့ထံသို့ပို့အပ်လာသူများကားသင်၏ အမျိုးသားများနှင့်သူတို့၏ယဇ်ပုရောဟိတ် ကြီးများပင်ဖြစ်၏။ သင်သည်အဘယ်အမှု ကိုပြုမိပါသနည်း'' ဟုမေး၏။