25. ရှိမုန်ပေတရုသည်ရပ်လျက်မီးလှုံနေ၏။ လူ အချို့က ``သင်သည်လည်းထိုသူ၏တပည့် မဟုတ်ပါလော'' ဟုမေးကြ၏။ပေတရုက ``ငါမဟုတ်'' ဟုငြင်းဆို၏။
26. ယဇ်ပုရောဟိတ်မင်း၏ကျွန်တစ်ယောက်က ``သင့် အားထိုသူနှင့်အတူဥယျာဉ်ထဲတွင်ငါတွေ့ မြင်ခဲ့သည်မဟုတ်ပါလော'' ဟုဆို၏။ ထိုကျွန် ကားပေတရုဋ္ဌားနှင့်ခုတ်၍နားရွက်ပြတ်သွား သူနှင့်ဆွေမျိုးတော်စပ်သူတည်း။
27. ပေတရုက ``ငါမဟုတ်'' ဟုတစ်ဖန်ငြင်း ဆို၏။ ထိုခဏချင်းတွင်ကြက်တွန်လေ၏။
28. လူတို့သည်သခင်ယေရှုအားကယာဖထံမှ ဘုရင်ခံမင်း၏အိမ်တော်သို့ခေါ်ဆောင်သွားကြ ၏။ အချိန်ကားနံနက်စောစောဖြစ်၏။ ယုဒ အမျိုးသားတို့သည်ပသခါညစာစားနိုင်ရန် မိမိတို့ကိုယ်ကိုဘာသာရေးကျင့်ထုံးအရ သန့်စင်စေလိုသဖြင့်အိမ်တော်ထဲသို့မဝင် ကြ။-
29. သို့ဖြစ်၍ပိလတ်မင်းသည်ထိုသူတို့နှင့်တွေ့ဆုံ ရန်အပြင်သို့ထွက်လာပြီးလျှင် ``ဤသူအား အဘယ်ပြစ်မှုနှင့်စွပ်စွဲကြပါသနည်း'' ဟုမေး၏။
30. ထိုသူတို့က ``ဤသူသည်ပြစ်မှုတစ်စုံတစ်ရာ ကူးလွန်သူမဟုတ်ပါက သူ့အားအရှင့်ထံသို့ အကျွန်ုပ်တို့ခေါ်ဆောင်လာမည်မဟုတ်ပါ'' ဟု လျှောက်ကြ၏။
31. ပိလတ်မင်းကလည်း ``သင်တို့ကိုယ်တိုင်ပင်သူ့ အားယူဆောင်သွားကြလော့။ သင်တို့၏တရား ဥပဒေအရစစ်ဆေးစီရင်ကြလော့'' ဟု ဆို၏။ယုဒအမျိုးသားတို့က ``အကျွန်ုပ်တို့မှာလူ တစ်စုံတစ်ယောက်ကိုသေမိန့်ပေးပိုင်ခွင့်မရှိ ပါ'' ဟုပြန်၍လျှောက်ကြ၏။-
32. (ဤသို့လျှောက်ကြခြင်းမှာမိမိအဘယ်သို့ သေရမည်ကိုသခင်ယေရှုမိန့်မြွက်ဖော်ပြခဲ့ သည့်အတိုင်းဖြစ်ပျက်လာစေရန်ပင်ဖြစ်၏။)
33. ပိလတ်မင်းသည်အိမ်တော်ထဲသို့ပြန်၍ဝင် ပြီးလျှင်သခင်ယေရှုအားခေါ်ယူကာ ``သင် သည်ယုဒရှင်ဘုရင်ပေလော'' ဟုမေး၏။
34. သခင်ယေရှုက ``ဤမေးခွန်းကို မင်းကြီး အလိုအလျောက်မေးပါသလော။ သို့မဟုတ် ငါ၏အကြောင်းကို သူတစ်ပါးတို့လျှောက် ထားကြပြီလော'' ဟုမေးတော်မူ၏။
35. ပိလတ်မင်းက ``သင်သည်ငါ့ကိုယုဒအမျိုး သားတစ်ယောက်ဟုထင်မှတ်ပါသလော။ သင့် ကိုငါ့ထံသို့ပို့အပ်လာသူများကားသင်၏ အမျိုးသားများနှင့်သူတို့၏ယဇ်ပုရောဟိတ် ကြီးများပင်ဖြစ်၏။ သင်သည်အဘယ်အမှု ကိုပြုမိပါသနည်း'' ဟုမေး၏။
36. သခင်ယေရှုက ``ငါ့နိုင်ငံသည်ဤလောကနှင့် မသက်ဆိုင်။ အကယ်၍ငါ့နိုင်ငံသည်ဤလောက နှင့်သက်ဆိုင်ပါမူ ငါသည်ယုဒအမျိုးသားတို့ လက်သို့မရောက်ရအောင်ငါ၏တပည့်တို့သည် တိုက်ခိုက်ကြမည်။ အမှန်စင်စစ်ငါ၏နိုင်ငံသည် ဤလောကနှင့်မသက်ဆိုင်'' ဟုမိန့်တော်မူ၏။
37. ပိလတ်မင်းက ``သို့ဖြစ်လျှင်သင်သည်ရှင် ဘုရင်လော'' ဟုမေး၏။သခင်ယေရှုက ``ငါသည်သင်ဆိုသည့်အတိုင်း ရှင်ဘုရင်ဖြစ်၏။ ငါသည်သမ္မာတရားကိုဟော ပြောခြင်းငှာမွေးဖွားခြင်းကိုခံ၍ဤလောက သို့ကြွလာ၏။ သမ္မာတရားနှင့်သက်ဆိုင်သူမှန် သမျှသည် ငါ၏စကားကိုနားထောင်ကြသည်'' ဟုမိန့်တော်မူ၏။-
38. ပိလတ်မင်းက ``သမ္မာတရားကားအဘယ် နည်း'' ဟုမေး၏။ထိုနောက်ပိလတ်မင်းသည်လူတို့ထံထွက်လာပြီး လျှင် ``ထိုသူအားအပြစ်ဒဏ်စီရင်ရန်အကြောင်း တစ်စုံတစ်ရာကိုမျှငါမတွေ့။-
39. သင်တို့ဋ္ဌလေ့ထုံးစံအရပသခါပွဲအတွင်း၌ အကျဉ်းသမားတစ်ဦးကိုငါလွတ်ငြိမ်းချမ်းသာ ခွင့်ပေးမြဲဖြစ်၏။ သင်တို့အတွက်ယုဒရှင်ဘုရင် ကိုလွတ်ငြိမ်းချမ်းသာခွင့်ပေးစေလိုသလော'' ဟုမေး၏။
40. ထိုသူတို့က ``သူ့ကိုလွတ်ငြိမ်းချမ်းသာခွင့်မပေး ပါနှင့်။ ဗာရဗ္ဗကိုပေးပါ'' ဟုဟစ်အော်ကြ၏။ (ဗာရဗ္ဗကားဋ္ဌားပြဖြစ်သတည်း။)