ရှင်ယောဟန် 18:19-38 Common Language Bible (BCL)

19. ယဇ်​ပု​ရော​ဟိတ်​မင်း​သည်​ကိုယ်​တော်​အား​တ​ပည့် တော်​တို့​၏​အ​ကြောင်း​ကို​လည်း​ကောင်း၊ ကိုယ်​တော် ဟော​ပြော​တော်​မူ​သော​တ​ရား​တော်​အ​ကြောင်း ကို​လည်း​ကောင်း​စစ်​ဆေး​မေး​မြန်း​၏။-

20. သ​ခင်​ယေ​ရှု​က ``ငါ​သည်​လူ​အ​ပေါင်း​တို့​ရှေ့ တွင်​အ​စဉ်​ပင်​ပွင့်​လင်း​စွာ​ဟော​ပြော​သွန်​သင် ခဲ့​၏။ ယု​ဒ​အ​မျိုး​သား​အ​ပေါင်း​တို့​စု​ဝေး​ရာ ဖြစ်​သော​တ​ရား​ဇ​ရပ်​များ​နှင့်​ဗိ​မာန်​တော်​တွင် ငါ​ဟော​ပြော​သွန်​သင်​ခဲ့​၏။ အ​ဘယ်​အ​ခါ​၌ မျှ​လျှို့​ဝှက်​စွာ​မ​ဟော​ပြော​ခဲ့။-

21. သို့​ဖြစ်​၍​အ​ဘယ်​ကြောင့်​ငါ့​ကို​စစ်​ဆေး​မေး မြန်း​သ​နည်း။ ငါ​ဟော​ပြော​သွန်​သင်​သည်​ကို ကြား​နာ​ကြ​ရ​သူ​တို့​အား​မေး​မြန်း​လော့။ သူ​တို့​အား​ငါ​မည်​သို့​ဟော​ပြော​သည်​ကို မေး​မြန်း​လော့။ ငါ​ဟော​ပြော​သည့်​အ​ရာ​တို့ ကို​သူ​တို့​သိ​ကြ​၏'' ဟု​မိန့်​တော်​မူ​၏။

22. ဤ​သို့​မိန့်​တော်​မူ​လျှင်​အ​စောင့်​တပ်​သား​တစ် ယောက်​သည် ``ယဇ်​ပု​ရော​ဟိတ်​မင်း​အား​သင်​သည် ဤ​သို့​မ​ဖွယ်​မ​ရာ​ပြော​ဆို​သင့်​သ​လော'' ဟု ဆို​၍​ကိုယ်​တော်​၏​ပါး​ကို​ရိုက်​လေ​၏။

23. သ​ခင်​ယေ​ရှု​က ``ငါ​၏​စ​ကား​မ​မှန်​လျှင်​မ​မှန် ကြောင်း​ကို​ထောက်​ပြ​ပါ။ မှန်​လျှင်​မူ​ကား​အ​ဘယ် ကြောင့်​ငါ့​ကို​ရိုက်​ပုတ်​သ​နည်း'' ဟု​မိန့်​တော်​မူ​၏။

24. ထို့​နောက်​အန္နတ်​မင်း​သည်​ကိုယ်​တော်​ကို​ချည်​နှောင် လျက်​ယဇ်​ပု​ရော​ဟိတ်​မင်း​က​ယာ​ဖ​၏​ထံ​သို့ ပို့​စေ​၏။

25. ရှိ​မုန်​ပေ​တ​ရု​သည်​ရပ်​လျက်​မီး​လှုံ​နေ​၏။ လူ အ​ချို့​က ``သင်​သည်​လည်း​ထို​သူ​၏​တ​ပည့် မ​ဟုတ်​ပါ​လော'' ဟု​မေး​ကြ​၏။ပေ​တ​ရု​က ``ငါ​မ​ဟုတ်'' ဟု​ငြင်း​ဆို​၏။

26. ယဇ်​ပု​ရော​ဟိတ်​မင်း​၏​ကျွန်​တစ်​ယောက်​က ``သင့် အား​ထို​သူ​နှင့်​အ​တူ​ဥ​ယျာဉ်​ထဲ​တွင်​ငါ​တွေ့ မြင်​ခဲ့​သည်​မ​ဟုတ်​ပါ​လော'' ဟု​ဆို​၏။ ထို​ကျွန် ကား​ပေ​တ​ရု​ဋ္ဌား​နှင့်​ခုတ်​၍​နား​ရွက်​ပြတ်​သွား သူ​နှင့်​ဆွေ​မျိုး​တော်​စပ်​သူ​တည်း။

27. ပေ​တ​ရု​က ``ငါ​မ​ဟုတ်'' ဟု​တစ်​ဖန်​ငြင်း ဆို​၏။ ထို​ခ​ဏ​ချင်း​တွင်​ကြက်​တွန်​လေ​၏။

28. လူ​တို့​သည်​သ​ခင်​ယေ​ရှု​အား​က​ယာ​ဖ​ထံ​မှ ဘု​ရင်​ခံ​မင်း​၏​အိမ်​တော်​သို့​ခေါ်​ဆောင်​သွား​ကြ ၏။ အ​ချိန်​ကား​နံ​နက်​စော​စော​ဖြစ်​၏။ ယု​ဒ အ​မျိုး​သား​တို့​သည်​ပ​သ​ခါ​ည​စာ​စား​နိုင်​ရန် မိ​မိ​တို့​ကိုယ်​ကို​ဘာ​သာ​ရေး​ကျင့်​ထုံး​အ​ရ သန့်​စင်​စေ​လို​သ​ဖြင့်​အိမ်​တော်​ထဲ​သို့​မ​ဝင် ကြ။-

29. သို့​ဖြစ်​၍​ပိ​လတ်​မင်း​သည်​ထို​သူ​တို့​နှင့်​တွေ့​ဆုံ ရန်​အ​ပြင်​သို့​ထွက်​လာ​ပြီး​လျှင် ``ဤ​သူ​အား အ​ဘယ်​ပြစ်​မှု​နှင့်​စွပ်​စွဲ​ကြ​ပါ​သ​နည်း'' ဟု​မေး​၏။

30. ထို​သူ​တို့​က ``ဤ​သူ​သည်​ပြစ်​မှု​တစ်​စုံ​တစ်​ရာ ကူး​လွန်​သူ​မ​ဟုတ်​ပါ​က သူ့​အား​အ​ရှင့်​ထံ​သို့ အ​ကျွန်ုပ်​တို့​ခေါ်​ဆောင်​လာ​မည်​မ​ဟုတ်​ပါ'' ဟု လျှောက်​ကြ​၏။

31. ပိ​လတ်​မင်း​က​လည်း ``သင်​တို့​ကိုယ်​တိုင်​ပင်​သူ့ အား​ယူ​ဆောင်​သွား​ကြ​လော့။ သင်​တို့​၏​တ​ရား ဥ​ပ​ဒေ​အ​ရ​စစ်​ဆေး​စီ​ရင်​ကြ​လော့'' ဟု ဆို​၏။ယု​ဒ​အ​မျိုး​သား​တို့​က ``အ​ကျွန်ုပ်​တို့​မှာ​လူ တစ်​စုံ​တစ်​ယောက်​ကို​သေ​မိန့်​ပေး​ပိုင်​ခွင့်​မ​ရှိ ပါ'' ဟု​ပြန်​၍​လျှောက်​ကြ​၏။-

32. (ဤ​သို့​လျှောက်​ကြ​ခြင်း​မှာ​မိ​မိ​အ​ဘယ်​သို့ သေ​ရ​မည်​ကို​သ​ခင်​ယေ​ရှု​မိန့်​မြွက်​ဖော်​ပြ​ခဲ့ သည့်​အ​တိုင်း​ဖြစ်​ပျက်​လာ​စေ​ရန်​ပင်​ဖြစ်​၏။)

33. ပိ​လတ်​မင်း​သည်​အိမ်​တော်​ထဲ​သို့​ပြန်​၍​ဝင် ပြီး​လျှင်​သ​ခင်​ယေ​ရှု​အား​ခေါ်​ယူ​ကာ ``သင် သည်​ယု​ဒ​ရှင်​ဘု​ရင်​ပေ​လော'' ဟု​မေး​၏။

34. သ​ခင်​ယေ​ရှု​က ``ဤ​မေး​ခွန်း​ကို မင်း​ကြီး အ​လို​အ​လျောက်​မေး​ပါ​သ​လော။ သို့​မ​ဟုတ် ငါ​၏​အ​ကြောင်း​ကို သူ​တစ်​ပါး​တို့​လျှောက် ထား​ကြ​ပြီ​လော'' ဟု​မေး​တော်​မူ​၏။

35. ပိ​လတ်​မင်း​က ``သင်​သည်​ငါ့​ကို​ယု​ဒ​အ​မျိုး သား​တစ်​ယောက်​ဟု​ထင်​မှတ်​ပါ​သ​လော။ သင့် ကို​ငါ့​ထံ​သို့​ပို့​အပ်​လာ​သူ​များ​ကား​သင်​၏ အ​မျိုး​သား​များ​နှင့်​သူ​တို့​၏​ယဇ်​ပု​ရော​ဟိတ် ကြီး​များ​ပင်​ဖြစ်​၏။ သင်​သည်​အ​ဘယ်​အ​မှု ကို​ပြု​မိ​ပါ​သ​နည်း'' ဟု​မေး​၏။

36. သ​ခင်​ယေ​ရှု​က ``ငါ့​နိုင်​ငံ​သည်​ဤ​လော​က​နှင့် မ​သက်​ဆိုင်။ အ​ကယ်​၍​ငါ့​နိုင်​ငံ​သည်​ဤ​လော​က နှင့်​သက်​ဆိုင်​ပါ​မူ ငါ​သည်​ယု​ဒ​အ​မျိုး​သား​တို့ လက်​သို့​မ​ရောက်​ရ​အောင်​ငါ​၏​တ​ပည့်​တို့​သည် တိုက်​ခိုက်​ကြ​မည်။ အ​မှန်​စင်​စစ်​ငါ​၏​နိုင်​ငံ​သည် ဤ​လော​က​နှင့်​မ​သက်​ဆိုင်'' ဟု​မိန့်​တော်​မူ​၏။

37. ပိ​လတ်​မင်း​က ``သို့​ဖြစ်​လျှင်​သင်​သည်​ရှင် ဘု​ရင်​လော'' ဟု​မေး​၏။သ​ခင်​ယေ​ရှု​က ``ငါ​သည်​သင်​ဆို​သည့်​အ​တိုင်း ရှင်​ဘု​ရင်​ဖြစ်​၏။ ငါ​သည်​သမ္မာ​တ​ရား​ကို​ဟော ပြော​ခြင်း​ငှာ​မွေး​ဖွား​ခြင်း​ကို​ခံ​၍​ဤ​လော​က သို့​ကြွ​လာ​၏။ သမ္မာ​တ​ရား​နှင့်​သက်​ဆိုင်​သူ​မှန် သ​မျှ​သည် ငါ​၏​စ​ကား​ကို​နား​ထောင်​ကြ​သည်'' ဟု​မိန့်​တော်​မူ​၏။-

38. ပိ​လတ်​မင်း​က ``သမ္မာ​တ​ရား​ကား​အ​ဘယ် နည်း'' ဟု​မေး​၏။ထို​နောက်​ပိ​လတ်​မင်း​သည်​လူ​တို့​ထံ​ထွက်​လာ​ပြီး လျှင် ``ထို​သူ​အား​အ​ပြစ်​ဒဏ်​စီ​ရင်​ရန်​အ​ကြောင်း တစ်​စုံ​တစ်​ရာ​ကို​မျှ​ငါ​မ​တွေ့။-

ရှင်ယောဟန် 18