ရှင်ယောဟန် 18:15-25 Common Language Bible (BCL)

15. ရှိ​မုန်​ပေ​တ​ရု​နှင့်​အ​ခြား​တ​ပည့်​တော်​တစ်​ဦး သည်​သ​ခင်​ယေ​ရှု​၏​နောက်​တော်​က​လိုက်​သွား ကြ​၏။ အ​ခြား​တ​ပည့်​တော်​သည်​ယဇ်​ပု​ရော ဟိတ်​မင်း​၏​အ​သိ​ဖြစ်​၍ သ​ခင်​ယေ​ရှု​နှင့် အ​တူ​ယဇ်​ပု​ရော​ဟိတ်​မင်း​၏​အိမ်​တော်​ဝင်း အ​တွင်း​သို့​လိုက်​သွား​ခွင့်​ရ​ပေ​သည်။-

16. ပေ​တ​ရု​ကား​ဝင်း​တံ​ခါး​အ​ပြင်​တွင်​နေ​ရစ်​၏။ ယဇ်​ပု​ရော​ဟိတ်​မင်း​သိ​သူ​တ​ပည့်​တော်​သည် ဝင်း​ပြင်​သို့​ထွက်​လာ​ပြီး​နောက် တံ​ခါး​စောင့် သူ​မ​အား​အ​ခွင့်​တောင်း​ကာ​ပေ​တ​ရု​ကို ဝင်း​ထဲ​သို့​သွင်း​လေ​၏။-

17. တံ​ခါး​စောင့်​သူ​ငယ်​မ​က ``သင်​သည်​ထို​သူ​၏ တ​ပည့်​တစ်​ဦး​မ​ဟုတ်​ပါ​လော'' ဟု​မေး​လျှင်၊ပေ​တ​ရု​က ``ငါ​မ​ဟုတ်'' ဟု​ဆို​၏။

18. ထို​အ​ခါ​ယဇ်​ပု​ရော​ဟိတ်​ကြီး​များ​၏​အ​စောင့် တပ်​သား​များ​နှင့်​အ​စေ​ခံ​များ​သည်​ချမ်း​သ​ဖြင့် မီး​သွေး​မီး​လင်း​ဖို​ပတ်​လည်​တွင်​ရပ်​၍​မီး​လှုံ လျက်​နေ​ကြ​၏။ ပေ​တ​ရု​သည်​လည်း​ထို​သူ တို့​နှင့်​အ​တူ​ရပ်​၍​မီး​လှုံ​နေ​၏။

19. ယဇ်​ပု​ရော​ဟိတ်​မင်း​သည်​ကိုယ်​တော်​အား​တ​ပည့် တော်​တို့​၏​အ​ကြောင်း​ကို​လည်း​ကောင်း၊ ကိုယ်​တော် ဟော​ပြော​တော်​မူ​သော​တ​ရား​တော်​အ​ကြောင်း ကို​လည်း​ကောင်း​စစ်​ဆေး​မေး​မြန်း​၏။-

20. သ​ခင်​ယေ​ရှု​က ``ငါ​သည်​လူ​အ​ပေါင်း​တို့​ရှေ့ တွင်​အ​စဉ်​ပင်​ပွင့်​လင်း​စွာ​ဟော​ပြော​သွန်​သင် ခဲ့​၏။ ယု​ဒ​အ​မျိုး​သား​အ​ပေါင်း​တို့​စု​ဝေး​ရာ ဖြစ်​သော​တ​ရား​ဇ​ရပ်​များ​နှင့်​ဗိ​မာန်​တော်​တွင် ငါ​ဟော​ပြော​သွန်​သင်​ခဲ့​၏။ အ​ဘယ်​အ​ခါ​၌ မျှ​လျှို့​ဝှက်​စွာ​မ​ဟော​ပြော​ခဲ့။-

21. သို့​ဖြစ်​၍​အ​ဘယ်​ကြောင့်​ငါ့​ကို​စစ်​ဆေး​မေး မြန်း​သ​နည်း။ ငါ​ဟော​ပြော​သွန်​သင်​သည်​ကို ကြား​နာ​ကြ​ရ​သူ​တို့​အား​မေး​မြန်း​လော့။ သူ​တို့​အား​ငါ​မည်​သို့​ဟော​ပြော​သည်​ကို မေး​မြန်း​လော့။ ငါ​ဟော​ပြော​သည့်​အ​ရာ​တို့ ကို​သူ​တို့​သိ​ကြ​၏'' ဟု​မိန့်​တော်​မူ​၏။

22. ဤ​သို့​မိန့်​တော်​မူ​လျှင်​အ​စောင့်​တပ်​သား​တစ် ယောက်​သည် ``ယဇ်​ပု​ရော​ဟိတ်​မင်း​အား​သင်​သည် ဤ​သို့​မ​ဖွယ်​မ​ရာ​ပြော​ဆို​သင့်​သ​လော'' ဟု ဆို​၍​ကိုယ်​တော်​၏​ပါး​ကို​ရိုက်​လေ​၏။

23. သ​ခင်​ယေ​ရှု​က ``ငါ​၏​စ​ကား​မ​မှန်​လျှင်​မ​မှန် ကြောင်း​ကို​ထောက်​ပြ​ပါ။ မှန်​လျှင်​မူ​ကား​အ​ဘယ် ကြောင့်​ငါ့​ကို​ရိုက်​ပုတ်​သ​နည်း'' ဟု​မိန့်​တော်​မူ​၏။

24. ထို့​နောက်​အန္နတ်​မင်း​သည်​ကိုယ်​တော်​ကို​ချည်​နှောင် လျက်​ယဇ်​ပု​ရော​ဟိတ်​မင်း​က​ယာ​ဖ​၏​ထံ​သို့ ပို့​စေ​၏။

25. ရှိ​မုန်​ပေ​တ​ရု​သည်​ရပ်​လျက်​မီး​လှုံ​နေ​၏။ လူ အ​ချို့​က ``သင်​သည်​လည်း​ထို​သူ​၏​တ​ပည့် မ​ဟုတ်​ပါ​လော'' ဟု​မေး​ကြ​၏။ပေ​တ​ရု​က ``ငါ​မ​ဟုတ်'' ဟု​ငြင်း​ဆို​၏။

ရှင်ယောဟန် 18