ရှင်ယောဟန် 18:14-17 Common Language Bible (BCL)

14. က​ယာ​ဖ​ကား ``လူ​အ​ပေါင်း​တို့​အ​တွက်​လူ တစ်​ဦး​တစ်​ယောက်​သေ​ရ​သည်​က​ပို​၍​ကောင်း ၏'' ဟု​ယု​ဒ​အာ​ဏာ​ပိုင်​တို့​အား​အ​ကြံ​ပေး ခဲ့​သူ​ဖြစ်​သ​တည်း။

15. ရှိ​မုန်​ပေ​တ​ရု​နှင့်​အ​ခြား​တ​ပည့်​တော်​တစ်​ဦး သည်​သ​ခင်​ယေ​ရှု​၏​နောက်​တော်​က​လိုက်​သွား ကြ​၏။ အ​ခြား​တ​ပည့်​တော်​သည်​ယဇ်​ပု​ရော ဟိတ်​မင်း​၏​အ​သိ​ဖြစ်​၍ သ​ခင်​ယေ​ရှု​နှင့် အ​တူ​ယဇ်​ပု​ရော​ဟိတ်​မင်း​၏​အိမ်​တော်​ဝင်း အ​တွင်း​သို့​လိုက်​သွား​ခွင့်​ရ​ပေ​သည်။-

16. ပေ​တ​ရု​ကား​ဝင်း​တံ​ခါး​အ​ပြင်​တွင်​နေ​ရစ်​၏။ ယဇ်​ပု​ရော​ဟိတ်​မင်း​သိ​သူ​တ​ပည့်​တော်​သည် ဝင်း​ပြင်​သို့​ထွက်​လာ​ပြီး​နောက် တံ​ခါး​စောင့် သူ​မ​အား​အ​ခွင့်​တောင်း​ကာ​ပေ​တ​ရု​ကို ဝင်း​ထဲ​သို့​သွင်း​လေ​၏။-

17. တံ​ခါး​စောင့်​သူ​ငယ်​မ​က ``သင်​သည်​ထို​သူ​၏ တ​ပည့်​တစ်​ဦး​မ​ဟုတ်​ပါ​လော'' ဟု​မေး​လျှင်၊ပေ​တ​ရု​က ``ငါ​မ​ဟုတ်'' ဟု​ဆို​၏။

ရှင်ယောဟန် 18