5. အို အဖ၊ ဤကမ္ဘာမပေါ်မတည်မီကကိုယ်တော် နှင့်အတူအကျွန်ုပ်ခံစားခဲ့ရသည့်ဘုန်းအသ ရေကို ယခုအခါ၌ရှေ့တော်တွင်အကျွန်ုပ်အား ပေးတော်မူပါ။''
6. ``ဤလောကထဲမှရွေးချယ်၍အကျွန်ုပ်လက် သို့ကိုယ်တော်ပေးအပ်တော်မူသောသူတို့အား အကျွန်ုပ်သည်ကိုယ်တော်ရှင့်အကြောင်းကို ကြားသိစေပါပြီ။ ထိုသူတို့ကိုကိုယ်တော် ပိုင်သဖြင့် အကျွန်ုပ်အားပေးအပ်တော်မူပါ ပြီ။ သူတို့သည်ကိုယ်တော်၏နှုတ်ကပတ် တရားတော်ကိုလိုက်နာကြပါပြီ။-
7. အကျွန်ုပ်တွင်ရှိသမျှသောအရာတို့သည် အထံတော်မှရရှိကြောင်းယခုသူတို့သိရှိ ကြပါပြီ။-
8. အကျွန်ုပ်အားကိုယ်တော်ပေးအပ်သောတရား တော်ကို အကျွန်ုပ်သည်သူတို့အားပေးအပ်သော အခါသူတို့ခံယူကြပါ၏။ ကိုယ်တော်၏ထံ တော်မှအကျွန်ုပ်လာသည်မှာ အမှန်ပင်ဖြစ်ကြောင်း ကိုသူတို့သိကြပါ၏။ ကိုယ်တော်သည်အကျွန်ုပ် အားစေလွှတ်တော်မူကြောင်းကိုလည်းသူတို့ ယုံကြည်ကြပါ၏။''
9. ``အကျွန်ုပ်သည်သူတို့အတွက်ဆုတောင်းပါ၏။ လောကသားတို့အတွက်ဆုတောင်းသည်မဟုတ် ပါ။ အကျွန်ုပ်အားကိုယ်တော်ပေးအပ်တော်မူသော သူများသည်ကိုယ်တော်ပိုင်ဆိုင်သူများဖြစ် သဖြင့် ထိုသူတို့အတွက်သာလျှင်ဆုတောင်း ပါ၏။-