13. ယခုမှာအကျွန်ုပ်သည်ကိုယ်တော်၏ထံသို့ လာပါမည်။ ထိုသူတို့သည်အကျွန်ုပ်၏ဝမ်း မြောက်ခြင်းကိုစိတ်နှလုံးထဲတွင်အပြည့် အဝခံစားကြရစေရန် ဤလောကတွင် ရှိနေစဉ်အကျွန်ုပ်သည်ဤစကားများကို မြွက်ဆိုပါ၏။-
14. ကိုယ်တော်၏နှုတ်ကပတ်တရားတော်ကိုသူ တို့အားအကျွန်ုပ်ပေးပါ၏။ အကျွန်ုပ်သည် လောကနှင့်မသက်ဆိုင်သကဲ့သို့သူတို့သည် လည်းမသက်ဆိုင်ကြပါ။ သို့ဖြစ်၍လောက သားတို့သည်သူတို့ကိုမုန်းကြပါ၏။-
15. သူတို့အားဤလောကမှနုတ်ယူတော်မူရန် အကျွန်ုပ်တောင်းလျှောက်သည်မဟုတ်ပါ။ သူတို့ သည်မာရ်နတ်၏ဘေးမှကင်းလွတ်မည့်အကြောင်း စောင့်ထိန်းတော်မူရန်ကိုသာတောင်းလျှောက်ပါ၏။-
16. အကျွန်ုပ်သည်ဤလောကနှင့်မသက်ဆိုင် သကဲ့သို့ ထိုသူတို့သည်လည်းမသက်ဆိုင် ကြပါ။-
17. သူတို့အားသမ္မာတရားအားဖြင့်ကိုယ်တော် ၏အတွက်သီးသန့်ဆက်ကပ်ထားတော်မူပါ။ ကိုယ်တော်၏နှုတ်ကပတ်တော်သည်သမ္မာတရား ဖြစ်ပါ၏။-