ရှင်ယောဟန် 17:10-16 Common Language Bible (BCL)

10. အ​ကျွန်ုပ်​တွင်​ရှိ​သ​မျှ​သော​အ​ရာ​တို့​ကို ကိုယ်​တော်​ပိုင်​တော်​မူ​၍ ကိုယ်​တော်​၌​ရှိ​သ​မျှ သော​အ​ရာ​တို့​ကို​လည်း​အ​ကျွန်ုပ်​ပိုင်​ပါ​၏။ ထို​အ​ရာ​များ​အား​ဖြင့်​အ​ကျွန်ုပ်​၏​ဘုန်း အ​သ​ရေ​ထွန်း​တောက်​ပါ​၏။-

11. အ​ကျွန်ုပ်​သည်​အ​ထံ​တော်​သို့​လာ​မည်​ဖြစ်​၍ ဤ​လော​က​တွင်​ရှိ​တော့​မည်​မ​ဟုတ်​ပါ။ ထို​သူ တို့​မူ​ကား​ရှိ​ကြ​ပါ​မည်။ သန့်​ရှင်း​မြင့်​မြတ်​တော် မူ​သော​အ​ဖ၊ ကိုယ်​တော်​နှင့်​အ​ကျွန်ုပ်​သည်​တစ် လုံး​တစ်​ဝ​တည်း​ဖြစ်​သည်​နည်း​တူ ဤ​သူ​တို့ သည်​လည်း​တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​ကြ စေ​ရန် အ​ကျွန်ုပ်​အား​အပ်​နှင်း​ထား​တော်​မူ သည့်​နာ​မ​တော်​၏​တန်​ခိုး​ဖြင့်​သူ​တို့​ကို စောင့်​ထိန်း​ခဲ့​ပါ​၏။-

12. အ​ကျွန်ုပ်​သည်​သူ​တို့​နှင့်​အ​တူ​ရှိ​စဉ်​သူ​တို့ ကို​ကာ​ကွယ်​စောင့်​ရှောက်​ခဲ့​ပါ​၏။ ကျမ်း​စာ​တော် လာ​သည့်​အ​တိုင်း​ဖြစ်​ပျက်​စေ​ရန်​ပျက်​စီး​ရ မည့်​သူ​တစ်​ဦး​မှ​လွဲ​၍ အ​ခြား​မည်​သူ​တစ်​စုံ တစ်​ယောက်​မျှ​ပျက်​စီး​မှု​မ​ရှိ​ခဲ့​ပါ။-

13. ယ​ခု​မှာ​အ​ကျွန်ုပ်​သည်​ကိုယ်​တော်​၏​ထံ​သို့ လာ​ပါ​မည်။ ထို​သူ​တို့​သည်​အ​ကျွန်ုပ်​၏​ဝမ်း မြောက်​ခြင်း​ကို​စိတ်​နှ​လုံး​ထဲ​တွင်​အ​ပြည့် အ​ဝ​ခံ​စား​ကြ​ရ​စေ​ရန် ဤ​လော​က​တွင် ရှိ​နေ​စဉ်​အ​ကျွန်ုပ်​သည်​ဤ​စ​ကား​များ​ကို မြွက်​ဆို​ပါ​၏။-

14. ကိုယ်​တော်​၏​နှုတ်​က​ပတ်​တ​ရား​တော်​ကို​သူ တို့​အား​အ​ကျွန်ုပ်​ပေး​ပါ​၏။ အ​ကျွန်ုပ်​သည် လော​က​နှင့်​မ​သက်​ဆိုင်​သ​ကဲ့​သို့​သူ​တို့​သည် လည်း​မ​သက်​ဆိုင်​ကြ​ပါ။ သို့​ဖြစ်​၍​လော​က သား​တို့​သည်​သူ​တို့​ကို​မုန်း​ကြ​ပါ​၏။-

15. သူ​တို့​အား​ဤ​လော​က​မှ​နုတ်​ယူ​တော်​မူ​ရန် အ​ကျွန်ုပ်​တောင်း​လျှောက်​သည်​မ​ဟုတ်​ပါ။ သူ​တို့ သည်​မာရ်​နတ်​၏​ဘေး​မှ​ကင်း​လွတ်​မည့်​အ​ကြောင်း စောင့်​ထိန်း​တော်​မူ​ရန်​ကို​သာ​တောင်း​လျှောက်​ပါ​၏။-

16. အ​ကျွန်ုပ်​သည်​ဤ​လော​က​နှင့်​မ​သက်​ဆိုင် သ​ကဲ့​သို့ ထို​သူ​တို့​သည်​လည်း​မ​သက်​ဆိုင် ကြ​ပါ။-

ရှင်ယောဟန် 17