5. ယခုမှာမူငါ့ကိုစေလွှတ်တော်မူသောအရှင် ထံသို့ငါသွားတော့မည်။ သို့ရာတွင်ငါအဘယ် အရပ်သို့သွားမည်ကိုသင်တို့မည်သူမျှ မမေးကြ။-
6. ဤအကြောင်းအရာများကိုငါပြောကြား သဖြင့် သင်တို့သည်စိတ်ညှိုးငယ်လျက်ရှိ ကြ၏။-
7. သို့သော်သင်တို့အားငါအမှန်အကန်ပြော သည်ကား ငါသွားရခြင်းသည်သင်တို့အဖို့ ပို၍ကောင်း၏။ ငါမသွားလျှင်မစတော်မူ သောအရှင်သည်ကြွလာတော်မူမည်မဟုတ်။ ငါသွားလျှင်မူကားထိုအရှင်ကိုသင်တို့ ထံသို့ငါစေလွှတ်မည်။-
8. ထိုအရှင်ကြွလာတော်မူသောအခါလောက သားတို့အားအပြစ်အကြောင်းကိုလည်းကောင်း၊ အမှန်တရားအကြောင်းကိုလည်းကောင်း၊ တရား စီရင်တော်မူခြင်းအကြောင်းကိုလည်းကောင်း ရှင်းလင်းစွာဖော်ပြတော်မူပေအံ့။-
9. ထိုသူတို့သည်ငါ့ကိုမယုံကြည်ကြသော ကြောင့်အပြစ်အကြောင်းကိုဖော်ပြမည်။-
10. ငါသည်ခမည်းတော်ထံသို့သွားရမည်ဖြစ် ၍ သင်တို့ငါ့ကိုတွေ့မြင်ရတော့မည်မဟုတ် သောကြောင့်အမှန်တရားအကြောင်းကို ဖော်ပြမည်။-
11. လောကကိုအစိုးရသူသည်တရားစီရင် ခြင်းကိုခံရပြီဖြစ်သောကြောင့် တရားစီရင် တော်မူခြင်းအကြောင်းကိုဖော်ပြမည်။''
12. ``သင်တို့အားငါပြောစရာများရှိသေး သော်လည်းယခုသင်တို့ခံယူနိုင်ကြမည် မဟုတ်။-
13. သို့ရာတွင်ဘုရားသခင်အကြောင်းနှင့်စပ် လျဉ်း၍ သမ္မာတရားကိုဖွင့်ပြသည့်ဝိညာဉ် တော်ကြွလာတော်မူသောအခါ သင်တို့အား သမ္မာတရားအကြောင်းအလုံးစုံကိုဖွင့်ပြ တော်မူလိမ့်မည်။ ထိုဝိညာဉ်တော်သည်ကိုယ့် အလိုအလျောက်မိန့်ကြားတော်မူမည်မဟုတ်။ မိမိကြားသိရသည့်အကြောင်းအရာများ ကိုသာသင်တို့အားမိန့်ကြားတော်မူလိမ့်မည်။ နောက်ဖြစ်လတ္တံ့သောအမှုအရာများ အကြောင်းကိုလည်းဖွင့်ပြတော်မူလိမ့်မည်။-
14. ထိုအရှင်သည်ငါ့ထံမှရရှိသောစကား ကိုသင်တို့အားပြောကြားမည်ဖြစ်သဖြင့် ငါ၏ဘုန်းအသရေကိုထွန်းတောက်စေ တော်မူလိမ့်မည်။-
15. ခမည်းတော်၌ရှိသမျှသည်ငါနှင့်စပ်ဆိုင် ၏။ သို့ဖြစ်၍ဝိညာဉ်တော်သည်ငါထံမှရရှိ သည့်စကားကို သင်တို့အားပြောကြားတော် မူလိမ့်မည်ဟုငါပြောသတည်း။''
16. ``အချိန်အနည်းငယ်ကြာလျှင်သင်တို့ငါ့ ကိုတွေ့မြင်ကြတော့မည်မဟုတ်။ ထို့နောက် အချိန်အနည်းငယ်ကြာပြန်သော်ငါ့ကို ပြန်၍တွေ့မြင်ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
17. တပည့်တော်အချို့တို့က ``အချိန်အနည်း ငယ်ကြာလျှင်သင်တို့ငါ့ကိုတွေ့မြင်ကြတော့ မည်မဟုတ်။ ထိုနောက်အချိန်အနည်းငယ်ကြာ ပြန်သော်ငါ့ကိုပြန်၍တွေ့မြင်ကြလိမ့်မည်' ဟု ကိုယ်တော်မိန့်တော်မူသည်။ ထိုမှတစ်ပါးလည်း ကိုယ်တော်က`ငါသည်ခမည်းတော်ထံသို့သွား ရမည်' ဟုလည်းဆိုသည်။-
18. `အချိန်အနည်းငယ်ကြာလျှင်' ဆိုသည်ကား အဘယ်သို့ဆိုလိုသနည်း။ အဘယ်အမှု အရာအကြောင်းကိုယ်တော်မိန့်မြွက်တော် မူသည်ကိုငါတို့မသိ'' ဟုအချင်းချင်း ပြောဆိုကြ၏။