ရှင်ယောဟန် 16:28-31 Common Language Bible (BCL)

28. ငါ​သည်​ခ​မည်း​တော်​ထံ​မှ​ထွက်​ခွာ​၍ ဤ လော​က​သို့​ကြွ​လာ​ခဲ့​၏။ ယ​ခု​ဤ​လော​က မှ​ထွက်​ခွာ​၍ ခ​မည်း​တော်​၏​ထံ​သို့​ငါ​သွား တော့​မည်'' ဟု​မိန့်​တော်​မူ​၏။

29. တ​ပည့်​တော်​တို့​က ``ကိုယ်​တော်​သည် ယ​ခု​အ​ခါ ၌​ပုံ​ပ​မာ​မ​ဆောင်​ဘဲ​ပွင့်​လင်း​စွာ​မိန့်​တော်​မူ ပါ​၏။-

30. ကိုယ်​တော်​သည်​ခပ်​သိမ်း​သော​အ​ရာ​တို့​ကို​သိ တော်​မူ​ကြောင်း ယ​ခု​အ​ကျွန်ုပ်​တို့​သိ​ကြ​ပါ​ပြီ။ ကိုယ်​တော်​အား​အ​ဘယ်​သူ​မျှ​မေး​လျှောက်​ရန် မ​လို​တော့​ပါ။ သို့​ဖြစ်​၍​ကိုယ်​တော်​သည်​ဘု​ရား သ​ခင်​ထံ​တော်​မှ​ကြွ​လာ​တော်​မူ​သော​အ​ရှင် ဖြစ်​သည် ကို​အ​ကျွန်ုပ်​တို့​ယုံ​ကြည်​ပါ​၏'' ဟု လျှောက်​ထား​ကြ​၏။

31. သ​ခင်​ယေ​ရှု​က ``သင်​တို့​ယ​ခု​ယုံ​ကြ​ပြီ​လော။-

ရှင်ယောဟန် 16