19. သခင်ယေရှုသည်မိမိအားထိုသူတို့လျှောက် ထားမေးမြန်းလိုကြောင်းသိတော်မူသဖြင့် ``သင် တို့အချင်းချင်းအဘယ်အကြောင်းကိုမေးမြန်း ပြောဆိုလျက်နေကြသနည်း။ `အချိန်အနည်း ငယ်ကြာလျှင်သင်တို့ငါ့ကိုတွေ့မြင်ကြတော့ မည်မဟုတ်' ဟူ၍လည်းကောင်း၊ ထိုနောက် `အချိန် အနည်းငယ်ကြာပြန်သော်ငါ့ကိုပြန်၍တွေ့ မြင်ကြလိမ့်မည်' ဟူ၍လည်းကောင်းငါပြော သောစကားများနှင့်ပတ်သက်၍လော။-
20. ဧကန်အမှန်သင်တို့အားငါဆိုသည်ကား သင်တို့သည်ငိုကြွေးမြည်တမ်းကြလိမ့်မည်။ လောကသားတို့မူကားဝမ်းမြောက်ကြလိမ့် မည်။ သင်တို့သည်ဝမ်းနည်းကြသော်လည်းထို ဝမ်းနည်းခြင်းသည် ဝမ်းမြောက်ခြင်းအဖြစ် သို့ပြောင်းလဲသွားလိမ့်မည်။-
21. အမျိုးသမီးတစ်ဦးသည်မီးဖွားချိန်ရောက် သောအခါဝေဒနာပြင်းစွာခံစားရ၏။ မီး ဖွားပြီးသောအခါ၌မူကားလောကသို့လူ တစ်ယောက်ဖွားမြင်လာသဖြင့် မိမိခံစား ခဲ့ရသောဝေဒနာကိုသတိမရတော့ပေ။-
22. သင်တို့သည်လည်းယခုအခါဝမ်းနည်းလျက် ရှိကြ၏။ သို့သော်လည်းသင်တို့နှင့်တစ်ဖန်ငါ ပြန်၍တွေ့ဦးမည်ဖြစ်သဖြင့် သင်တို့သည် ဝမ်းမြောက်ကြလိမ့်မည်။ သင်တို့၏ဝမ်းမြောက် ခြင်းကိုအဘယ်သူမျှမနုတ်မယူနိုင်။''
23. ``ထိုနေ့၌သင်တို့သည်ငါ့အားအဘယ်အရာ ကိုမျှတောင်းလျှောက်ကြလိမ့်မည်မဟုတ်။ အမှန် အကန်သင်တို့အားငါဆိုသည်ကားသင်တို့ သည် ငါ၏နာမကိုအမှီပြု၍တောင်းလျှောက် သမျှသောအရာတို့ကိုခမည်းတော်သည်သင် တို့အားချပေးတော်မူလိမ့်မည်။-